Ch 20.2

4.4K 538 14
                                    

သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်




အကြောင်းတစ်စုံတစ်ရာကြောင့် ယန်ချုံးက တစ်ချိန်ကသူ ပိုးရန်ကြိုးစားခဲ့သော ကျောင်းကမင်းသမီးကို သတိရလိုက်သည်။သူမက ကျိရှင်းလန်နဲ့အရမ်းရင်းနှီးခဲ့တယ်။

သူထွက်သွားစဉ် သူတို့နှစ်ယောက်ကြား တစ်ခုခုဖြစ်ခဲ့တာလား? ကျိရှင်းလန်က သူမကိုဆက်ဆံခဲ့သလားဆိုတာ သူတွေးမိလိုက်သည်။

သူဒါကိုတွေးတောနေစဉ် သူနားမလည်သောအကြောင်းများကြောင့် ယန်ချုံး၏နှလုံးသားအတွင်း၌ ဒေါသများတောက်လောင်သွားခဲ့သည်။မြက်ခြောက်က မြက်ခြောက်ပေါ်မှာ ကြွေကျသွားသည်နှင့်တူသည်။  ဒေါသမီးတောက်က တဖျစ်ဖျစ်နဲ့တောက်လောင်လာပြီး တောက်ပလာသည်။

သူဒေါသထွက်ခဲ့တာက ကျောင်းမင်းသမီးကိုလား ၊ ကျိရှင်းလန်ကိုလားဆိုတာကို သူမသိဘူး။

ကျိရှင်းလန်က သူ့ကိုမကြိုက်ဘူး၊ ဒါဆိုဘာလို့သူ့ကိုဒီလိုလုပ်တာလဲ ?  သူနဲ့ကစားဖို့လား ?

ဒါကိုသူစဉ်းစားမိသောအခါ ယန်ချုံးက အနည်းငယ်စိတ်တိုသွားပြီး နမ်းတာကိုပြတ်ပြတ်သားသား နမ်းလိုက်သည်။  သူ့ဒေါသကြောင့် ကျိရှင်းလန်နှုတ်ခမ်းကို ခုခံမှုပုံစံတစ်ခုအဖြစ် ကိုက်လိုက်သည်။  ၎င်းကသွေးထွက်ဖို့ လုံလောက်သောအင်အားမရှိသော်လည်း နူးညံ့သိမ်မွေ့သောအရာမဟုတ်ပေ။

ကျိရှင်းလန်က သူမပျော်နေဘူးဆိုတာကိုသိတာကြောင့် သူ့ကိုစိတ်ပျက်လက်ပျက်နဲ့ ပြန်လွှတ်ပေးလိုက်သည်။ သူ့ကိုလွှတ်တော့မည့်အနေနှင့် သူ့ကိုနှုတ်ခမ်းနဲ့တစ်ချက်ပွတ်သပ်လိုက်သည်။

ပြန်လွတ်လာပြီးနောက် ချက်ချင်း ယန်ချုံးက သူ့နောက်ဘက်ကလက်ကို သုံး၍ နှုတ်ခမ်းကိုသုတ်လိုက်သည်။  သူ့ရဲ့လှပတဲ့မျက်လုံးတွေကမှုန်ဝါးနေခဲ့တယ် ။

ယန်ချုံးက သူဘာတွေတွေးနေမှန်းမသိဘူး။  သူက သူ့ရဲ့ခြေထောက်ကိုခိုင်မြဲစွာရပ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့် သူကဘေဇင်ပေါ် လက်တင်ကာရပ်နေခဲ့သည်။   "ဒါ ဒါကမင်းရဲ့ပထမဆုံးအနမ်းလား ?"

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now