Ch 123

656 56 2
                                    

အပိုင်း ၁၂၃ - လီချန်းရန် /ရှဲ့ယွီ (1)


 ရှဲ့ယွီ အတွက်၊ သူ လီချန်းရန် ကို သိကျွမ်းခြင်းထက် ထူးထူးခြားခြား ဘာမှ မရှိခဲ့ပါ။


လေပြင်းတိုက်သော ညနေခင်းတစ်ခုတွင် သူသည် ကျောင်းအဆောက်အအုံမှ ထွက်ခွာလာစဉ် ယန်ချုံး၏ မျက်လုံးထောင့်မှ Alphaလက်ဝှေ့ပွဲတစ်ခုကို လှမ်းမြင်လိုက်ရသည်။

ထိုကောင်လေးသည် အရပ်ရှည်ပြီး ခြေတံရှည်ရှည်နှင့် စစ်တပ်ကျောင်းသား၏ ယူနီဖောင်းကို ၀တ်ဆင်ထားသောကြောင့် အတော်ကို လိုက်ဖက်ပြီး သင့်တင့်လျောက်ပတ်သည်။

ပထမတစ်ချက်ကြည့်လိုက်တော့ ကျိရှင်းလန်  က ယန်ချုံး ကို အနှောက်အယှက်ပေးဖို့ ထပ်ရောက်လာသလိုပဲ။  ဒါကြောင့် သူက မျက်စိမမြင်သလို ဘာမှမမြင်ချင်ယောင်ဆောင်ဖို့ ရည်ရွယ်လိုက်သည်။

ဒါပေမယ့် သူ အနီးကပ်ကြည့်လိုက်တော့ အဲဒီလူဟာ ကျိရှင်းလန် မဟုတ်ဘူးဆိုတာကို တွေ့လိုက်ရသည်။  လုံးဝမရင်းနှီးသေးတဲ့ မျက်နှာနဲ့ ခွေးကောင်အသစ်ပါ။

တကယ်ဆိုးတာပဲ ။  ယန်ချုံးသည် ကျိရှင်းလန်  နှင့် လိုလိုလားလား လက်တွဲခဲ့သည်  ၎င်းသည် သူ့ကိစ္စမဟုတ်ပေ၊ သို့သော် ဤလူက ယန်ချုံး ကို ချောင်ပိတ်ခဲ့ပါက၊ အဲ့တာက သူသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေသည်ဟု ထင်ရှားပါသည်။

သူ၏ဘော့စ်သည် လက်ရှိတွင် ပျော့ညံ့သူ Omegaဖြစ်သည်။  သူ့ကို မက်မောတဲ့ ဖောက်ပြန်သူတွေ အများကြီး ရှိခဲ့သည်။

ရှဲ့ယွီ သည် ယန်ချုံး ကို သူငယ်တန်းကတည်းက အကာအကွယ်ပေးခဲ့သည်။  မိဘမရှိလို့ ယန်ချုံး ကို လှောင်ပြောင်ရယ်မောသူတိုင်းကို ရိုက်နှက်ခဲ့သည်။  ရှဲ့ယွီ သည် ကလေးများအား အနိုင်ကျင့်မှုကြောင့် တိုင်ကြားခံရကာ မိခင်ဖြစ်သူ၏ အပြစ်ပေးမှုကို ခံခဲ့ရသော်လည်း၊  ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူ့ပတ်ဝန်းကျင်မှာ ယန်ချုံး ကို အနိုင်ကျင့်ဖို့ ဘယ်သူမှ အိပ်မက်တောင် မမက်နိုင်ကြပါဘူး။


ယန်ချုံး က Alpha ကို တွန်းထုတ်ဖို့ ကြိုးစားနေတာကို သူ တွေ့လိုက်ရပြီး Alphaက နောက်တောင်မဆုတ်ဘဲ အဲ့အစား အနားကပ်သွားခဲ့တော့ ရှဲ့ယွီ ဒေါသထွက်သွားသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now