အပိုင်း ၈၉ - အဲဒါက တကယ်ရုပ်ဆိုးတာမဟုတ်ဘူး အဲ့တာက?
ကြိုးကြိုးစားစား အလုပ်လုပ်ပြီးနောက် ယန်ချုံး လူသေလိုမျိုး အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့နံနက်တွင် ကျိရှင်းလန်၏ရင်ခွင်ထဲမှာ နိုးလာပြီး နာရီကိုကြည့်လိုက်သည်။ ခုနစ်နာရ်ီပဲရှိသေးတာမို့ ကျိရှင်းလန်ကို နောက်မှီလိုက်တယ်။
သူအိပ်နေတုန်း ယန်ချုံးက သူ့မျက်လုံးတွေကို တိတ်တဆိတ် နမ်းလိုက်တယ်။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး အဝတ်အစားလဲဖို့ ထထိုင်လိုက်တယ်။
သူ့ခေါင်းပေါ်ကနေ ဆွယ်တာအင်္ကျီကို ဆွဲလိုက်ပြီး သူခေါင်းပေါ်ကနေ ဆွဲချဖို့တောင် အချိန်မရသေးဘူး နှာချေသွားခဲ့သည်။
ကျိရှင်းလန်က ချက်ချင်း မျက်လုံးဖွင့်ပြီး စောင်ကိုယန်ချုံးပေါ်ဆွဲတင်ပေးလိုက်သည်။ “နေမကောင်းဖြစ်နေလား?”
သူ အခုမှ နိုးလာတာကြောင့် ယန်ချုံး ရဲ့ အသံက နှာသံပါနေတယ်။ “မဟုတ်ပါဘူး”
ဒါပေမယ့် ဆွယ်တာအင်္ကျီကို သူကိုယ်တိုင် အမြန်ဆွဲချလိုက်သေးတယ် ပြီးတော့ အဲ့အပေါ်မှာနောက်တစ်ထည် ထပ်ဝတ်လိုက်တယ်။အထူတွေအထပ်လိုက် မဝတ်သွားရင်သူ တကယ်ဖျားသွားနိုင်တယ်။
ယန်ချုံး ထမင်းစားခန်းသို့ ဆင်းသွားသောအခါ မစ္စစ် ကျိ မနေ့ညက ထွက်သွားတဲ့ပုံရတာကို တွေ့လိုက်ရသည်။
ဒီအိမ်က ကျိ မိသားစု၏အိမ်ဖြစ်သည်ကို မနေ့က ကျိရှင်းလန် သူ့ကိုပြောပြထားသည်။ သူ့မိဘတွေ ကွာရှင်းပြီးသွားတော့ သူ့အဖေက City Aကိုပြောင်းသွားခဲ့တယ် ၊ သူ့အမေကတော့ ပြတ်ပြတ်သားသားပဲ ထွက်သွားခဲ့တာပေါ့။သူမ တစ်ညလုံးတောင် မနေခဲ့ရဘူး။
ဒါပေမယ့် ကျိရှင်းလန် က ဒီနေရာမှာ ကြီးပြင်းလာတာကြောင့် ထွက်ခွာဖို့ကို သူ ငြင်းဆန်ခဲ့တယ်။ မစ္စစ်ကျိကလည်း လက်လျှော့လိုက်ပြီး အိမ်တော်ထိန်း နဲ့ ကျိရှင်းလန်နဲ့တို့နဲ့ပဲ ဒီနေရာမှာ နေခဲ့တာပေါ့။
YOU ARE READING
Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။
ActionType Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in Love First Male Yandere Manipulative Characters Marriage Military Mpreg Naive Protagonist Omegaverse...