Ch 23

3.8K 457 1
                                    

ငါ့ကိုနမ်း ပြီးရင် အဲဒါကိုငါမင်းကိုမွေးခွင့်ပြုပေးမယ်




နံနက်စာစားကြစဉ် ယန်ချုံးက ကျိရှင်းလန် ကိုဖြတ်၍ထိုင်ပြီး ခြေထောက်များကိုလွှဲလိုက်သည်။ သူသည်အနည်းငယ် စိတ်မပါတဲ့ပုံစံဖြင့် ဆန်ပြုတ်ကိုသောက်ခဲ့သည်။

ဘေးနားမှာရပ်နေတဲ့ အိမ်အကူက သူ့နှုတ်ခမ်းလေးတွေ အနည်းငယ်နီရဲပြီးပြုစားနေတာကို တွေ့လိုက်ရတယ်။  သူတို့ကလည်းနည်းနည်းဖူရောင်နေသည်။ကြည့်ဖို့အရမ်းရှက်လွန်းတာကြောင့် သူမက သူမရဲ့မျက်နှာကိုအုပ်လိုက်တယ်။

ယခုကနံနက်စောစောဖြစ်သော်လည်း သခင်လေးက တကယ်ကိုတက်ကြွနေသည်။

သူအစာစားပြီးသောအခါ ယန်ချုံးက ကျိရှင်းလန် နှင့်တိုက်ခန်းကိုသွားကြည့်ဖို့  ထုပ်ပိုးရန်အပေါ်ထပ်သို့တက်သွားခဲ့သည်။

မူလက ယန်ချုံးဟာ သူတို့ကအထုပ်အပိုးတွေအများကြီးနဲ့ ရွှေ့လိမ့်မယ်လို့ထင်ထားခဲ့ပေမယ့် ကျိရှင်းလန်က သူတို့ကိုကူညီပြီးရွှေ့ဖို့ ထရပ်ကားကိုမရှာခဲ့ဘူး။  သူက ယန်ချုံး ကို သူ(ယန်ချုံး)လိုအပ်တဲ့ အဝတ်အစားတွေကိုပဲ ထုပ်ပိုးလာဖို့ပြောခဲ့တယ်။ထို့နောက် သူကကားကိုမောင်းလာခဲ့သည်။

“ တိုက်ခန်းကပြုပြင်ပြီးသွားပြီ။  မင်းအ၀တ်တွေယူလာဖို့ပဲလိုတယ် "

ယန်ချုံးက သူ၏ပစ္စည်းများကိုထုပ်ပိုးနေစဉ် ကျိရှင်းလန်က သူ့ဘေးတွင်ရပ်ကာ စိတ်အနှောင့်အယှက်ဖြစ်အောင် သူ့ရဲ့နားထဲသို့မှုတ်လိုက်သည်။  “ ဘယ်ဟာကိုမှမယူလာဖို့လည်း မင်းရွေးချယ်နိုင်တယ်နော် ”


သူကစိတ်အနှောင့်အယှက်ဖြစ်နေတာကိုတွေးပြီး ယန်ချုံး ကခေါင်းအုံးကိုယူလိုက်ပြီး သူ့ကိုအခန်းထဲကနေနှင်ထုတ်လိုက်တယ်။

သူက ကျိရှင်းကို သင်ခန်းစာတစ်ခုသင်ပေးပြီးတာနဲ့ သူကသူ့ဗီဒိုကိုစတင်ကြည့်ရှုလိုက်ပြီး ယူလာရကျိုးနပ်တာ ဘာမှမရှိတာကို တွေ့လိုက်ရတယ်။  ထို့ကြောင့်သူကအဝတ်အနည်းငယ်ကို သူ့အိတ်ထဲသို့ပစ်ထည့်လိုက်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now