Ch8.

6.5K 937 46
                                    

( မင်းကိုအမှတ်အသားပေးဖို့အတွက် ငါ့ကိုတောင်းဆိုလာမှာကို ငါစောင့်နေတာ)




" နာတယ်ဟ  နတ်ဆိုးကောင်ရဲ့ "ယန်ချုံးရဲ့ မျက်နှာက မှိုင်းနေပြီး သူ့လက်ကိုပြန်ရုတ်လိုက်သည်။

ကျိရှင်းလန်က ယန်ချုံးသူ့ကိုသဘောကျတာ သေချာပေမယ့် သူကသူ့အချစ်ကို အေးစက်တဲ့ပုခုံးကို.အရင်ပေးဖူးတယ်။  အခုသူတစ်ခုခုလိုနေတဲ့အတွက် သူကချိုချိုသာသာပြောဆိုပြီး သူ့ကိုချော့ရတယ်။  ဒီလိုအပြုအမူမျိုးက ကျိရှင်းလန် ရဲ့ narcissism ( ကိုယ့်ရုပ်ရည်အပေါ် အထင်ကြီးလွန်းခြင်း)  အပေါ် တကယ်အပြစ်တင်လို့မရဘူး အဲ့ဒါ မူလပိုင်ရှင် သူ့ကိုတကယ်ရူးသွပ်ခဲ့တာကြောင့်ဘဲ ။

သူကပြတ်ပြတ်သားသားငြင်းတဲ့အခါမှာ သူ့ဆီကရယူဖို့ ခက်ခက်ခဲခဲ ကစားနေတာလို့ အခြားတစ်ယောက်က သူ့ကိုမြင်ခဲ့တယ်။ ယန်ချုံးက စကားမပြောနိုင်တော့သလို ခံစားလိုက်ရသည်။ လုံးဝကို မှင်သက်သွားခဲ့တယ်  ။

အခု သူ့ခေါင်းကိုရိုက်မိသူမှာ ကျိရှင်းလန် ဖြစ်သင့်တယ်လို့ သူခံစားရတယ် ။  အခြားသစ်ပင်များစွာရှိတယ်လေ ဘာလို့ သူ့ကိုမှီခိုနေရတာဖြစ်ရတာလဲ ?

လက်ထပ်ဖို့ဆို မေးခွန်းထုတ်စရာကို မရှိဘူး ။  ဒီတစ်သက်မှာ သူ့အတွက်လက်ထပ်ဖို့က မဖြစ်နိုင်ဘူး။

ကျိရှင်းလန်က ယန်ချုံးရဲ့ တွန့်ဆုတ်မှုကို ခံစားခဲ့ရပြီးနောက်ဆုံးတွင် သူလက်ကိုလွှတ်ပြီး အသံဆိုးနဲ့ တီးတိုးပြောလာတယ် “ မင်းရဲ့အမြင်ကို ငါလေးစားတယ်၊ ဒါပေမယ့် ဆွေးနွေးစရာဘာမှမရှိဘူး။  မင်းကငါ့ရဲ့ဇနီးလောင်းဖြစ်ပြီး ငါ့ကိုဘဲ လက်ထပ်ရလိမ့်မယ်။  မင်းနားလည်လား ?"

"ငါမလိုချင်ဘူး " ယန်ချုံးရဲ့ စကားက ပြတ်တောက်သွားသည်။  ကျိရှင်းလန်ကို ကမ္ဘာပတ်နိုင်တဲ့အထိ ၀န်းရံတဲ့သူတွေရှိရင်တောင်မှ သူကသူတို့ထဲကတစ်ယောက်မဟုတ်ဘူး။

“ အဲ့ဒါကလုံလောက်ပြီ ” ကျိရှင်းလန်က ပြုံးပြီး ယန်ချုံးရဲ့ နားရွက်ကို လက်နဲ့ ပုတ်လိုက်သည်။  သူကအသံနိမ့်လေးနဲ့ပြောလာတယ် "ငါ့အမေကို လက်ထပ်ဖို့အနှောင့်အယှက်ပေးခဲ့တဲ့သူက ဘယ်သူလဲ ?  "

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now