Ch 124

699 58 4
                                    

အပိုင်း ၁၂၄ - လီချန်းရန်/ရှဲ့ယွီ (2)

ရှဲ့ယွီက သူ့ပခုံးပေါ်ရှိ လက်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပခုံးတွန့်လိုက်၏။ ထိုအချိန်က ဆိုးသွမ်းသူ၏ ပိတ်ဆို့ခံထားရသော ယောက်ျားကောင်းတစ်ယောက်ကဲ့သို့ပင်။ 

“အိမ်ပြန်တာ အရမ်းနောက်ကျရင် အမေက ငါ့ကို အော်လိမ့်မယ်” လို့ လေးလေးနက်နက် ပြောလိုက်သည်။

လီချန်းရန်က သူ့ကို မယုံသောကြောင့် ခဏတာ စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ အဆုံးတွင် ရုတ်တရက် ရယ်မောလိုက်သည်။ 

"ဟေ့ မင်းက ကလေးလား ဘာလဲ"

ဒါကိုကြားတော့ ရှဲ့ယွီက တောက်ခေါက်လိုက်ပြီး ဒေါသ ထွက်သွားသည်။ လီချန်းရန် မျှော်လင့်ထားသလိုပဲ သူပြင်ဆင်ထားတဲ့ ထောင်ချောက်ထဲကို ကျသွားပြီ။ 

"မင်းကသာ ကလေး။ မင်းဘဲ ကလေး။ ငါ မင်းနဲ့လိုက်ခဲ့မယ်" ရှဲ့ယွီက ဒေါသတကြီးပြောလိုက်သည်။ 

အိမ်ပြန်နောက်ကျရင် အော်ငေါက်ခံရမှာကို စိတ်ပူနေတာနဲ့ အရင်က ဘားကို တစ်ခါမှ မသွားဖူးသလိုပဲ၊ လီချန်းရန်က ကလေးလို့ ထင်နေတာလား။

သောကြာနေ့ ကျောင်းဆင်းချိန်တွင် ကျောင်းဝင်ပေါက်၌ လူအများအပြားရှိနေသည်။ ရှဲ့ယွီက လီချန်းရန်နဲ့ လိုက်ကာ လူကူးမျဉ်းကျားပေါ် လျှောက်သွားခဲ့သည်။ ထို့နောက် ချက်ခြင်းဆုံးဖြတ်ချက်တစ်ခုချကာ သင်ခန်းစာများကြောင့် ကျောင်းဆက်တက်ရန် သူ့မိခင်ထံ စာပို့လိုက်သည်။

"မင်းက ဘာလို့ ငါ့အင်္ကျီကို တခြားသူဆီ ပေးလိုက်တာလဲ။" လီချန်းရန်ရဲ့ ဒရိုင်ဘာက စောင့်နေတာကြောင့် တံခါးကိုဖွင့်ပြီး ရှဲ့ယွီကို အထဲ ဝင်ခိုင်းလိုက်သည်။ သူက နည်းနည်းတော့ မကျေမနပ်ဖြစ်ပုံရသည်။ "မသိတဲ့သူတွေက သူက ငါ့ရည်းစားလို့တောင် ထင်ကောင်းထင်နိုင်တယ်။"

"ဘာပဲဖြစ်ဖြစ် မင်းမှာ ရည်းစားသုံးဆယ့်ရှစ်ယောက်ရှိနေပြီ၊ နောက်တစ်ယောက်ရှိလို့ မင်းကိုစိတ်မ၀င်စားဘဲမနေကြပါဘူး" ရှဲ့ယွီက ကားပြတင်းပေါက်ကိုဖွင့်ပြီး တံတောင်ဆစ်ကို ပြတင်းပေါက်ကို ထောက်ကာ ပြုံးပြလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်၊ ရည်းစားသုံးဆယ့်ကိုးယောက်ရှိတာက တစ်ပတ်ပြည့်ဖို့ နံပါတ်တစ်ခုပဲကွာတော့တယ်။"

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Место, где живут истории. Откройте их для себя