Ch 51

1.7K 186 1
                                    

ငါ သူ့ကို အရင်ကတစ်ခါမှ မနမ်းခဲ့ဖူးဘူး။

ယန်ချုံးက သူ့ကို စိုက်ကြည့်ဖို့ ခေါင်းကို လှည့်လိုက်တယ်။  "မင်း....... မင်းလား...?"

ကျိရှင်းလန် ကတော့ သေချာပေါက် သိပါတယ်။ သူက  သူ့ကို စမ်းသပ်နေတယ်ဆိုတာကိုလေ။

ထိုစက္ကန့်အနည်းငယ်အတွင်း သူ့ဦးနှောက်က အချက်ပြမှုအချို့နှင့် ချိတ်ဆက်ထားပုံရပြီး အတိတ်ကဖြစ်ပျက်ခဲ့သော မြင်ကွင်းအားလုံးကို ပြန်လည်ပြသခဲ့သည်။

ထိုညကို ယန်ချုံး မေ့သွားပြီးနောက် ကျိရှင်းလန်က သူ့ကို အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း ယန်ချုံးက ထိုအရာကို မမှတ်မိတော့ပေ။  သူက ယန်ချုံးကို ဒုက္ခပေးရန်အတွက် ကျောင်းမင်းသမီးကို လိုက်နိုင်မည်ဟု သူထင်ခဲ့သည်။

သူအရက်မူးနေပြီး အဲ့တာကို လုံးဝမေ့သွားသည်ကို ကျိရှင်းလန် သိသင့်သည်။ နောက်ဆုံးမှာတော့ ယန်ချုံးသူ့ကို စကားပြောတိုင်း သူက ဖော်ရွေမှုမရှိဘူး။

ရှဲ့ယွီ က သူ့ကို ညွှန်ပြမပေးဘူးဆိုရင်၊ သူ့မှာ အဲဒီအိပ်မက်ကို ထပ်ခါတလဲလဲ မမက်ဘူးဆိုရင် ၊ အဲ့တာကို မှတ်မိမှာမဟုတ်ဘူးဆိုရင် ၊ ကျိရှင်းလန် ဒီနေ့ ဒီပုံစံနဲ့ တုံ့ပြန်တာကို ယန်ချုံး မြင်တဲ့အခါ သေချာပေါက် စိတ်ရှုပ်သွားလိမ့်မယ်။ပြီးခဲ့တဲ့အချိန်တုန်းကလိုပါပဲ၊ သူ့ခေါင်းထဲမှာ ဝက်အူအနည်းငယ်ချောင်သွားတယ်လို့ သူထင်ခဲ့တယ်။

ကျိရှင်းလန်က ၎င်းကို မမှတ်မိကြောင်းကိုလည်း သိထားမည် ဖြစ်သောကြောင့် ပန်းချီကားကို သူ့(ယန်ချုံး)အား ပြရန် သတ္တိရှိလေသည်။

  သို့သော် ကံမကောင်းစွာနဲ့ပဲ၊ ကျိရှင်းလန်ကို လိုလားခဲ့တဲ့သူက ယန်ချုံးဖြစ်သော်လည်း ယန်ချုံးမှာ ထိုညကအကြောင်းကို မေ့သွားခဲ့ပြီဖြစ်သည်။  သူ့(ကျိရှင်းလန်)ကို သူတစ်ယောက်တည်း စိန်ခေါ်ချင်တယ်လို့ ပြောနေတဲ့အချိန် အမှန်တရားကတော့  ကျိရှင်းလန်ကို နံရံဘက်တွန်းပို့ပြီး ပြင်းပြင်းထန်ထန် နမ်းခဲ့တဲ့သူကတော့ ယန်ချုံးသာဖြစ်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now