Ch 63

1.6K 169 6
                                    

ချစ်တယ်နော်။ ကောင်းသောညလေးဖြစ်ပါစေ


 ယန်ချုံးက အမှောင်ထဲတွင် စမ်းတဝါးဝါးလိုက်စမ်းရင်း ကုတင်ဘေးက မီးအိမ်ကို ဖွင့်လိုက်သည်။  အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် လှေကားထစ်ပေါ်တက်လာနေသည့် တစ်စုံတစ်ယောက်၏ ခြေသံကို သူကြားလိုက်ရသည်။

စောင်အောက်ထဲက သူ့ခြေထောက်တွေကို ပြန်ဆွဲထုတ်ပြီးတာနဲ့ တံခါးရှေ့မှာ ခြေသံတွေက ရပ်တန့်သွားတယ်။


ခဏအကြာတွင် တံခါးပွင့်လာပြီး ကျိရှင်းလန်က ရေတစ်ခွက်နှင့် ဝင်လာသည်။

 ကျိရှင်းလန် ဝင်လာသည်ကိုမြင်သောအခါ ယန်ချုံးက ကုတင်ခေါင်းရင်းကို နာခံစွာ မှီလိုက်သည်။  သူ့ခေါင်းရင်းရှိ နွေးထွေးသော အိပ်ယာဘေးကမီးအိမ်က အနက်ရောင်ဆံမြိတ်လေးတွေကို ရွှေရောင်တောက်ပစေကာ ပါးပြင်ပေါ်ရှိ အနီရောင်ဖျော့ဖျော့လေးက သူ့ကို လှပစေသည်။

စွဲလန်းသွားသော ကျိရှင်းလန်က တံခါးကို အမြန်ပိတ်ကာ သူ့ကိုနမ်းဖို့ လျှောက်လှမ်းလာခဲ့သည်။

သူက ယန်ချုံး၏နဖူးပေါ်ဝဲကျနေတဲ့ဆံမြိတ်လေးကိုမတင်လိုက်ပြီး သူ၏အပူချိန်ကို စမ်းသပ်ရန် သူ့လက်ဖမိုးကို အသုံးပြုခဲ့သည်။  ထို့နောက်သူက “မင်းမှာ အဖျားမရှိဘူး” လို့ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

ဒါပေမယ့် ယန်ချုံးက သူ့ပါးပြင်တွေ တကယ်ပူနေတာကို ခံစားလိုက်ရတယ်။  “ငါမဖျားဘူးလား ?  ငါဝိုင်​​သောက်​​လိုက်တာကြောင့် ဖြစ်​နိုင်​လား?”

“မင်း တစ်ငုံလောက်ပဲသောက်လိုက်တာလေ အဲ့ထဲကအများစုကိုတောင် မင်းထွေးထုတ်လိုက်တာ ”  ကျိရှင်းလန်ကပြုံးလိုက်ပြီး လက်ကို ကိုင်လိုက်သည်။


 ကျိရှင်းလန် အခန်းထဲဝင်လာပြီးနောက် ယန်ချုံးက အပူနှင့် မသက်မသာဖြစ်နေတဲ့ ကြီးမားသောအနားသတ်မှ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ ကျိရှင်းလန်ရဲ့ pheromoneများကို တောင့်တစေသည့် ရောဂါတစ်ခု ကူးစက်ခံရခြင်း ရှိမရှိကိုပင် သူစတင်တွေးတောခဲ့ပြီး နှစ်သိမ့်မှုမရပါက သူတကယ် စိတ်မသက်မသာဖြစ်မည် ဖြစ်သည်။  သူ မကူညီနိုင်တော့ဘဲ သူ့ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now