Ch 34

2.5K 300 2
                                    

ငါ့ကို ကမ်းလှမ်းဖို့ မင်းမှာ ရှင်းပြစရာတွေ မရှိဘူးလား။


ဒုတိယနေ့မှာ ကျိရှင်းလန်က ယန်ချုံး ဘာပဲပြောပြော ကျောင်းသွားခွင့်မပေးဘဲ အိမ်မှာ အနားယူခိုင်းထားတယ်။

ကျိရှင်းလန်က မှန်တင်ခုံ ရှေ့တွင် ရပ်လိုက်သည်။ သူ့ဂျာကင်အင်္ကျီကိုဝတ်ပြီး "မင်း ဘယ်ကိုမှ မသွားရဘူး ။ အိမ်မှာနေပြီး အနားယူရင်တောင် အတူတူပဲ "

ယန်ချုံး ဒေါသထွက်သွားသည်။ "ငါ့ခန္ဓာကိုယ်က ကောင်းပါတယ်။ ငါ့မှာ သွေးတွင်းသကြားဓာတ်နည်းနေတာပါပဲ ငါနေကောင်းနေပြီ! အားကစားပွဲတွေမှာလည်း ပါဝင်ချင်တယ်လို့"

"ဘာလို့ အားကစားပွဲကို တက်ချင်ရတာလဲ? " ကျိရှင်းလန်က သူ့ဂျာကင်အင်္ကျီကို ကြယ်သီးတပ်ပြီး သိချင်လို့မေးလိုက်တယ် ။

ယန်ချုံးက အိမ်တွင် အလွန်ပျင်းသည်။ နေ့တိုင်း သူစားတယ်၊ အိပ်တယ်၊ ကြောင်နဲ့ ကစားတယ်။ ထမင်းစားချိန်မဟုတ်ရင် ကျိရှင်းလန်ကိုတောင် မမှတ်မိတော့ဘူး ။

"ငါ့ခန္ဓာကိုယ်ကို သန်မာစေတယ်" ယန်ချုံးက တံခါးကိုမှီပြီး ပြန်ပြောလိုက်တယ်။ ကျိရှင်းလန်ရဲ့ ကော်လာက ခေါက်ချိုးမညီသေးတာကြောင့် အဲ့ဒါကို မြင်ချိန်မှာ သူ့ OCD ကြောင့် ကျိရှင်းလန်ရဲ့ ကော်လာကို ခေါက်ချိုးညီအောင် လုပ်ပေးဖို့ လက်လှမ်းလာခဲ့တယ် ။

"မင်းခန္ဓာကိုယ်ကို သန်မာစေတာလား ?" ကျိရှင်းလန်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး နမ်းဖို့ ခေါင်းငုံ့လိုက်တယ်။ "နေကောင်းအောင်နေပြီး အိမ်မှာပဲနေ မင်းတကယ်လေ့ကျင့်ချင်ရင် ငါပြန်လာတဲ့အခါ မင်းနဲ့အတူ လေ့ကျင့်ပေးနိုင်တယ်"

ကျိရှင်းလန်အနေနဲ့ အစတုန်းက ကျောင်းသွားတက်ဖို့ တွန့်ဆုတ်နေခဲ့သော်လည်း ယန်ချုံးက သူပြိုင်ဖို့ လိုအပ်နေသေးတာကို သိတာကြောင့် နှင်ထုတ်ခဲ့သည်။ "ငါ အိမ်မှာ တစ်ယောက်တည်း နေနိုင်တယ်!"

ဘယ်လိုဘဲဖြစ်ဖြစ် ကျိရှင်းလန်က ယန်ချုံးကို သူ့ဘာသာသူ အိမ်မှာနေခွင့်ပေးရန် အလွန်စိုးရိမ်နေခဲ့သည်။ ဒါကြောင့် သူ့အိမ်က တယောက်ယောက်ကို လာပြုစုပေးဖို့ တောင်းဆိုလိုက်တယ်။ ယန်ချုံးက သူဘာတွေလုပ်ပြနေလဲဆိုတာကို တော်တော်စိတ်မ၀င်စား ဖြစ်နေပေမယ့် ကျိရှင်းလန် မထွက်သွားခင်မှာ သူက ယန်ချုံးကိုစိတ်ပူလို့သတိပေးလိုက်သေးတယ် ။ "တစ်ခုခုဖြစ်လာရင် ငါ့ကိုဖုန်းဆက်လိုက်"

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now