Ch 35

2.6K 300 8
                                    

ငါလည်းမင်းကိုကြိုက်တယ်။


ကျိရှင်းလန် နီးကပ်လာသည်ကို သူမြင်သောအခါ ယန်ချုံးက တင်းမာတဲ့ပုံစံဖြင့် ခေါင်းကိုလှည့်ကာ သူတို့၏မျက်နှာတွေကို မထိမိစေရန် အတတ်နိုင်ဆုံး လုပ်နေလေသည်။

ဒီလူဟာ သူ့ရဲ့ ဆုပ်ကိုင်နိုင်စွမ်းနဲ့ တကယ်ကို ကောင်းပါတယ်။  ကျိရှင်းလန်က သူ့လက်ကောက်ဝတ်ကို ဖိချလိုက်ပြီး ယန်ချုံးအား သူ့ခြေထောက်တွေကို အတင်းဖွင့်ခိုင်းတဲ့ပုံစံနဲ့ ဒူးတွေကို နေရာချထားလိုက်တယ်။  ယန်ချုံးက သူ၏ ခွန်အားကို အနည်းငယ်မျှပင် မစုဆောင်းနိုင်ခဲ့ပေ။

"ရှင်းပြ...?  ဘာလဲဆိုတာကို ရှင်းပြ ?"  ကျိရှင်းလန် တကယ်ကို ရန်လိုနေပြီး အဲ့တာက ယန်ချုံး ကို စိတ်မသက်မသာနဲ့ မျက်တောင်ခတ်စေသော်လည်း သူ့စကားကြောင့် တင်းမာနေခဲ့သည်။

ကျိရှင်းလန်က သူ့ကို စိုက်ကြည့်ကာ "ရှဲ့ယွီ " ဟု တောင်းဆိုလိုက်သည်။

ယန်ချုံး အဲဒါကို ကြားလိုက်တာနဲ့ ဒါဟာ ရည်းစားစာကြောင့် မဟုတ်ဘူးဆိုတာကို သိလိုက်ရပြီး သူချက်ချင်း သက်ပြင်းချလိုက်တယ်။  သို့သော် ထိုအကြောင်းကို တွေးလိုက်သောအခါတွင်တော့ ထူးဆန်းနေတာကို တွေ့လိုက်ရသည်။

နောက်ဆုံးတော့ သူ မနေ့ညက ကျိရှင်းလန်ရဲ့ စိတ်ကို ဖြေဖျောက်နိုင်ခဲ့ပြီးပြီလေ ဒါဆိုဘာကြောင့်သူက ရှဲ့ယွီကိုရုတ်တရက် ဒေါသထွက်လာပြန်ရတာလဲ? သူတို့ကျောင်းတက်နေတဲ့အချိန်မှာ တစ်ခုခုဖြစ်ခဲ့တာလား?

"ငါ .......ဒီနေ့ ကျောင်းမတက်ရဘူး။ငါရှဲ့ယွီကို မမြင်ရသေးဘူးလေ” ဟု ယန်ချုံးက အပြစ်ကင်းစင်သော အပြုအမူဖြင့် ပြောလိုက်သည်။


အမှန်တော့ ယန်ချုံးက ထိုစကားများကို ပြောသောအခါတွင် သူအနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

သူတစ်နေကုန် အိမ်မှာနေပြီး အဲဒီအချိန်မှာ ရှဲ့ယွီနဲ့ terminalကတဆင့် စကားစမြည်ပြောခဲ့သည်။ ရှဲ့ယွီက ကျိရှင်းလန်ဟာ သိုးရေခြုံထားတဲ့ ဝံပုလွေဖြစ်တဲ့အကြောင်း ရင်တထိတ်ထိတ်ပြောပြတဲ့အကြောင်းနဲ့  သူက အပြစ်မဲ့ Omegaများကို လှည့်ဖြားသည့် အမျိုးအစားဖြစ်သောကြောင့် ယန်ချုံးက သူ့ထောင်ချောက်ထဲသို့ ဘယ်လိုမှ မကျရောက်ဘူးဆိုတဲ့အကြောင်းကိုလည်း သူနားထောင်ခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now