Ch. 1

16.9K 1.4K 17
                                    

(ဇနီးလောင်းလေး Omega)


ရှီနင်မြို့အနောက်ဘက်ရှိ ဗီလာ တစ်ခုတွင် ယန်ချုံး က နူးညံ့သောအဖြူရောင်ကော်ဇောပေါ်တွင် ခြေဗလာနှင့်လျှောက်လာခဲ့ပြီး ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့တွင် ရပ်လိုက်တယ်။

ဆောင်းဦးရောက်ပြီဖြစ်သော်လည်း ဆယ်ကျော်သက်က ပါးလွှာသောအဝတ်ကိုဝတ်ထားပြီး အာရုံစူးစိုက်မှုကို ရှာဖွေနေတယ်။  ပါးလွှာသောအစ၏အောက်၌ သူ့ရဲ့ဖြူဖွေးသောပုခုံးတွေနဲ့ သိသာထင်ရှားတဲ့ အသားအရည်ကို လှစ်ဟပြနေတယ်။

မှန်၌ထင်ဟပ်နေသောကောင်လေးက ချစ်စရာကောင်းသည်၊ ဖြူဖျော့သောအသားအရေ ၊ နီထွေးနေတဲ့ နှုတ်ခမ်းတွေ ၊ ဆံပင်ရှည်တွေနဲ့ ကျီးကန်းအမွေးလို နက်မှောင်တဲ့  သူ့ရဲ့မျက်လုံးတွေနဲ့ ပေါင်းစပ်ထားတယ်။သူ့မှာ သေးသွယ်တဲ့လည်ပင်းနဲ့ ရှားပါးပြီးပြည့်စုံတဲ့ ကြွေထည်ပုလင်းနဲ့ဆင်တဲ့ခါးရှိပြီး ၎င်းကိုလက်ညှိုးနဲ့လက်မသုံးပြီးဖိလိုက်ရင်တောင် ကြေမွသွားနိုင်တယ်။

.......ပထမအကြည့်တစ်ချက်မှာ သူကOmega တစ်ယောက်နဲ့တူနေပြီ။

ယန်ချုံး မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ ဆံပင်အစွန်အဖျားလေးတွေကို နားရွက်နောက်သို့ သပ်တင်လိုက်တယ်။  သူကခေါင်းကိုလှည့်လိုက်ပြီး ပျင်းစရာကောင်းစွာနဲ့ ဆိုဖာတစ်ခုတည်းပေါ်မှာ လှဲလျောင်းလိုက်တယ်။

ဆိုဖာပေါ်မှာလှဲလျောင်းနေရင်း ခေါင်းအုံးတစ်လုံးကိုယူလိုက်ပြီး သူ့ကိုယ်သူတတ်နိုင်သမျှ သက်တောင့်သက်သာဖြစ်အောင်နေလိုက်တယ်။

ထိုအချိန်တွင် ယန်ချုံးရဲ့ ဘယ်ဘက်ခြေထောက်က ကွေးနေပြီး သူ့ရဲ့ညာဘက်ခြေထောက်က ဆိုဖာပေါ်မှ တွဲလောင်းကျနေသည်။  သူ့ရဲ့တံတောင်ဆစ်တွေကို ဆိုဖာလက်တန်းပေါ်မှာ ဖြေလျှော့ထားပြီး သူ့ရဲ့အကန့်အသတ်မဲ့တဲ့ထိုင်ပုံက သူ့ရဲ့ချောမောသောမျက်နှာနဲ့ မကိုက်ညီပေ။

ဘေးပတ်လည်ရှိအခန်း၏ အလှဆင်မှုပုံစံက နွေးထွေးပြီးချစ်စရာကောင်းသည်၊ ပန်းရောင်စောင်တစ်ထည်နှင့် ထောင့်အသီးသီးတွင် ပိုးသားကဲ့သို့နူးညံတဲ့အရုပ်တွေနဲ့ ပြည့်နှက်နေသည်။  ဒါဟာ အမျိုးသမီးအိပ်ခန်းနဲ့တူနေတယ် ဒါပေမယ့်  ဒါကသူ့အခန်းလို့ အိမ်ထောင်ထိန်းကပြောတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now