Ch. 109

664 78 0
                                    

အပိုင်း ၁၀၉ - မနာလိုခြင်း

“ကိုယ်မပြောင်းဘူး! ” ကျိရှင်းလန် က ကျိုးကြောင်းမဆီလျော်စွာ ကြေညာလိုက်တယ်။

လက်တစ်ဖက်တည်းဖြင့် သူက ယန်ချုံးကို သူ့ဘက်ကျောခိုင်းပြီး ထိုင်ခိုင်းကာ ရှောင်မလွှဲဘဲ ဆုပ်ကိုင်ထားသည်။  သူ့လက်တစ်ဖက်ဖြင့် ယန်ချုံး၏ အနည်းငယ်စိုနေသော ဆံပင်များကို ကစားလိုက်သည်။

ထို့နောက် စည်ပိုင်းကို မှီ၍ သူ့ရဲ့ချောမောသော မျက်နှာကို မော့ကာ အသက်ရှုသွင်းလိုက်သည်။  စိတ်ကိုလျှော့ချလိုက်၏

“ရေချိုးကန်ရဲ့ အရွယ်အစားက ပြီးပြည့်စုံတယ်။  လူနှစ်ယောက်အတူ ရေချိုးဖို့ သင့်တော်တယ်” လို့ တိုးတိုးလေးပြောလိုက်သည်။

ကျိရှင်းလန်ကို ကျောပေးကာ ယန်ချုံး က သူ့နှုတ်ခမ်းကို ဖိလိုက်သည်။  သူ့ခြေထောက်တွေက အနည်းငယ် အားနည်းနေသလို ခံစားရတယ်။  ရေသည် ရေချိုးကန်၏ နံရံများကို စိုစွတ်စေကာ ချော်ထွက်စေသောကြောင့် ၎င်းကို သူ မထိန်းနိုင်တော့ပေ။  အစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ဖို့ ကြိုးစားတိုင်း သူ့လက်ဆစ်တွေက ဖြူသွားသလို သူ့လှုပ်ရှားမှုတွေကြောင့် အမြဲလိုလို ချော်ထွက်သွားတယ်။

သူ့နောက်မှာတော့ ကျိရှင်းလန် က သူ့ကို တောင့်တနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။  သူ့လည်ပင်းပေါ်ရှိ လှပသောမျဉ်းကွေး၊ သူ့ကျောရိုးပေါ်ရှိ ပြတ်သားသောလိုင်းများနှင့် အောက်ဘက်ရှိ လှပသောလမ်းကြောင်းကို အဲ့တာက လောင်ကျွမ်းစေခဲ့သည်။

ကျိရှင်းလန် သည် ယန်ချုံး ၏ သွယ်လျသော နောက်ကျောကို ညင်သာစွာ ပွတ်သပ်လိုက်သည်။  စာရွက်လိုပါးလွှာသော အရေပြားအောက်တွင် နံရိုးအဖုအထစ်များကို ခံစားရနိုင်သည်။

သူ့အကြည့်တွေက နူးညံ့သိမ်မွေ့ပြီး ချစ်ခြင်းမေတ္တာတွေ သူ့မျက်လုံးထဲမှာ တောက်ပနေခဲ့တယ်။

“မင်း အရမ်းပိန်တာပဲ” ဟုပြောရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

 ဟန်ချက်ထိန်းရန် ရေကန်၏အစွန်းကို ဆုပ်ကိုင်လိုက်သည့်တိုင် ယန်ချုံး ချော်နေသည်ကို တွေ့လိုက်ရသောအခါ ကျိရှင်းလန် သည် သူ့ပခုံးတွေကိုကိုင်ထားပေးလိုက်တာကြောင့် သူ့ကို မှီထားနိုင်ခဲ့သည်။  ထို့နောက် ရေချိုးကန်မှ ရေနွေးကို ခပ်ယူပြီး ယန်ချုံး ၏ ရှည်လျားသော လည်ပင်းနှင့် ပခုံးများပေါ် လောင်းချလိုက်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now