Ch 61

1.7K 147 1
                                    

မင်းရှက်နေပြီလား? အဲ့တာကသိပ်စောလွန်းတယ်မဟုတ်ဘူးလား?

ရီရှင်းမြို့တော်ရှိ အလုပ်အများဆုံးစီးပွားရေးစင်တာတွင် ညအချိန်ရောက်သည်နှင့် တစ်ပြိုင်နက် မိုးမျှော်တိုက်များသည် ပြိုးပြိုးပြက်ပြက်ပြက်ပြက်ရှိသော မီးရောင်များဖြင့် လင်းထိန်နေပြီး လမ်းမများဘက်ရှိ ဈေးဆိုင်များမှ ပွဲလမ်းသဘင်များ၏ တောက်ပမှုနှင့်အတူ လှပသောမြင်ကွင်းတစ်ခုအဖြစ် ရောနှောသွားခဲ့သည်။မျက်စိပြာသွားစေနိုင်တဲ့အရောင်များဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသောမြို့တော်ကြီးက ထွန်းလင်းတောက်ပနေပြီး တောက်ပသော ရောင်ခြည်တန်းများက တစ်ခုနှင့်တစ်ခု ဖြတ်သွားကာ အလင်းရောင်ဖြာထွက်ခြင်းနှင့် တောက်ပသော cityscapeကို ဖန်တီးပေးနေလေသည်။


အပြန်အလှန် ရွေ့လျားနေသည့် ကားလိုင်းများကို မီးနီဖြင့် ဖြတ်လိုက်မည်ဆိုလျှင် လိုင်းကနှစ်ကြောင်း ကွဲသွားမည်ဖြစ်သည်။

ကားက ရှေ့ကိုတိုးလာချိန်မှာတော့ ယန်ချုံးက လေကိုရှူဖို့ ခရီးသည်ထိုင်ခုံက ပြတင်းပေါက်ကိုဖွင့်လိုက်တယ်။  ကားပေါ်ရှိ စပီကာက နူးညံ့သိမ်မွေ့သော စန္ဒယားအပိုင်းကိုဖွင့်ထားပြီး နုတ်များက အမှောင်ယံညနှင့် မပေါင်းစပ်မီ လေထဲသို့ ပျံ့လွင့်သွားခဲ့သည်။


ယန်ချုံးမှာ ထိုကဲ့သို့တင့်တယ်သော ဂီတကို ခံစားရန် စိတ်၀င်စားမှုမရှိပေ ။  ကျိရှင်းလန်အာရုံမစိုက်စဥ် သူက သူ့ terminal ကို မသိမသာဖွင့်ထားရင်း သူ့နားကြပ်ကိုတပ်ထားကာ သီချင်းတစ်ပုဒ်ကို ကျပန်းရွေးချယ်လိုက်တယ်။

  ဒီနေ့ ကျိရှင်းလန်က သူနဲ့ ဒိတ်လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။  ဒီပုဂ္ဂိုလ်က “ဒိတ်” ကဲ့သို့ တရားဝင်သောအရာကို ဖော်ပြခဲ့ခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။ယန်ချုံး အနည်းငယ် ထိတ်လန့်သွားသည် ။  ဒါပထမဆုံးအကြိမ် သူ တစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့မှာဖြစ်ပေမယ့် သူ့မှာ အတွေ့အကြုံမရှိဘူးဆိုတာကို ကျိရှင်းလန် ကို မပြောပြချင်တာကြောင့် ချိန်းတွေ့စဉ်မှာ သူဘာတွေလုပ်ရမလဲဆိုတာကို စူးစမ်းဖို့ browserကို သတိရှိရှိဖွင့်လိုက်တယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now