ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

5.5K 154 3
                                    

အခန်း 1:
ကြီးမားသောလက်ထက်ပွဲ

အပူက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဆောင်းဦးပေါက်လာပြီဖြစ်သည်။

ဆောင်းဦးမိုးရွာသွန်းပြီးနောက် ပေကျင်းရှိ မျိုးရိုးမြင့်သခင်မလေးများက အချင်းချင်း ပြန်လည်အဆက်အသွယ်ပြုလာကြသည်။ သို့ရာတွင် ဆောင်းဦးရာသီအစကတည်းက သူတို့ပြောနေကြသည်မှာတစ်ခုပဲရှိ၏ရှဲ့မိသားစု၏ တတိယမြောက်သခင်လေး လက်ထပ်တော့မည်။

တတိယရှဲ့သခင်လေးရှဲ့ရွှင်း အကြောင်းကိုပြောရပါလျှင် သူသည် ပေကျင်းတွင် အထူးချွန်ဆုံးလူငယ်ဖြစ်သည်။ သူ့အဖေက မြို့စားရှဲ့ ဖြစ်ပြီး သူ့မိခင်ဘက်မှအဖိုးက အိမ်ရှေ့မင်းသား၏တော်ဝင်ဆရာဖြစ်၏။ သူ့မှာ ကြီးမြတ်သော မိသားစုနှင့် ချောမောသောရုပ်ရည်ရှိလေသည်။ သူက နိုင်ငံရပ်ခြားသို့ ခရီးထွက်ခဲ့ဖူးပြီး ချန်အန်းမှ သခင်လေး တစ်ဦး၏ အထိန်းအကွပ်မရှိသော ချစ်ခင်ရင်းနှီးမှုကို ပိုင်ဆိုင်ခဲ့သည်။ ဧကရာဇ်မင်း၏သားတော်သည်ပင် စာပေပညာရှင်တစ်ဦးနှင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အလွန်ချောမောကြည့်ကောင်းသည့် အနှီအထက်တန်းလွှာယောကျာ်းထံသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့သည်။ တော်ဝင်စာမေးပွဲတွင် တတိယဆုရပြီးနောက် ရှည်လျားသော လမ်းမတလျှောက် မြင်းစီးလာချိန်တွင် မျိုးရိုးမြင့်သခင်မလေး အများအပြားသည် သူ့ထံမှ ဆွဲဆောင်ခြင်းခံရပြီး ပန်းပွင့်များပစ်ပေါက်ခဲ့ကြသည်။

[ET/N- အင်ပါယာစာမေးပွဲ ပြီးဆုံးချိန်တွင် ဧကရာဇ်မင်းသည် ထိပ်တန်းအဆင့်ပြိုင်ပွဲဝင်များကို တွေ့ဆုံမေးမြန်းပြီး နောက်ဆုံးအဆင့်များကို ဆုံးဖြတ်မည်ဖြစ်သည်။ ပထမေနရာ၊ ဒုတိယနေရာနှင့် တတိယနေရာတို့သည် တော်ဝင်နန်းတော်မှ မြင်းစီး၍ မြို့တော်ကို လှည့်လည်ချီတက်ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများက ၎တို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် မျှော်လင့်ချက်ဖြင့် ပညာရှင်များကို ပန်းများ သို့မဟုတ် အမွှေးနံ့သာအိတ်များ ပစ်ပေါက်သည်က ဓလေ့ထုံးစံဖြစ်သည်။ စာပေပညာရှင်က သူတို့၏ "သငေ်္ကတ" ကို လက်ခံလျှင် သူတို့၏ အချစ်ကိုလည်း လက်ခံသည်ဟု ဆိုလိုပေသည်။ ]

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now