အပိုင်း(62.4)

2.9K 353 2
                                    

(62. 4)

''သခင်လေး တွေ မုန့်စား နေကြနော်။ အပြင်ကို ထွက်ပြီးတော့ မကစားကြနဲ့။ တကယ်လို့ မင်းတို့ တစ်ခုခု လိုအပ်တာ ရှိရင် ငါ့ကို လှမ်းခေါ် လိုက်နော်။ ငါက အဓိက ခန်းမ ထဲမှာပဲ ရှိနေမှာ ''

'' ကောင်းပါပြီ ဦးလေး ကျယ်''

ယွမ်ဇဲကျင်း ရော ယွမ်ဇဲရှုပါ နားလည်ပြီ ဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက် ကြတယ်။

ယွမ်ကျန်းနဲ့ ယွမ်ကျယ် တို့ လက်ထပ်ပြီး ၄ နှစ်အကြာမှာတော့ ဘုရားသခင် က သူတို့ရဲ့ ဆန္ဒတွေကို ကြားသွားဟန် တူပါရဲ့ ဝတုတ်ဖက်တီး လေး တစ်ယောက် ကို မွေးလာခဲ့တယ်လေ။

ကျားခေါင်းလေးလို ( ဝတုတ်ပြဲလေး)  ပုံစံလေး ရှိပြီးတော့ ရိုးသားကာ အရမ်းချစ်ဖို့ကောင်းလေတယ်။ ထိုကလေးကို ကျန်းဂျင် က အရမ်းကို သဘောကျခဲ့တယ်။ သူလေးက လူတွေကို တွေ့တိုင်း လုံးဝ မကြောက်ပဲ အပြုံးကြီးကြီး တစ်ခုကိုပဲ ပြုံးပြ လေ့ရှိတယ်။

ညစာ စားပြီးတဲ့နောက် လော်ရှောင်းနဲ့ သွမ့်ဇီ တို့ က ပြန်သွားကြတယ်။ ညမှောင်နေပြီ ဖြစ်တဲ့အတွက် လမ်းမှာ မလုံခြုံမှာ စိုးရိမ်တာကြောင့် ယွမ်ဟောင်က သူတို့ကို တောင်ခြေအထိ လိုက်ပို့ပေး ခဲ့တယ်။

'' အကိုကြီး ''

ယွမ်ဇဲကျင်း ယွမ်ဇဲရွှမ်း ရဲ့ စာကြည့်ခန်း တံခါးကို တွန်းဖွင့်လိုက် တဲ့ အခါ သူ့အကိုက စာအုပ်တစ်အုပ်ဖက်ရင်း စာရေးလေ့ကျင့် နေတာကို တွေ့လိုက်ရတယ်။

'' ဒုတိယ ညီလေး က ဒီမှာပဲ ''

ယွမ်ဇဲရွှမ်း က စာအုပ်ကို ချကာ သူ့ရှေ့က စာရွက်လိပ် တွေ ထဲက တစ်ခုကို ယူကာ အလယ်မှာ ချည်ထားတဲ့ ကြိုးပါးပါးလေး ကို ဆွဲ ဖြည်လိုက်တယ်။

'' မင်းရေးထားတဲ့ စာပိုဒ် တွေကို ဆရာဆီ ကို ကိုကြီး ပြကြည့်ပြီးပြီ။ သူက ဒီအောက်မှာ မှတ်ချက် တွေ ပေးထားတယ် ''

ယွမ်ဇဲရွှမ်း က စာလိပ်ကို ဖြန့်ပြလေတော့ ယွမ်ဇဲကျင်း က အနီးနားဆီ ကို တိုးကပ်ကြည့်လေတယ်။

'' ကိုကြီး ​က ဆရာ့ကို မင်းရဲ့ အခြေအနေအကြောင်း ပြောပြတော့ ဆရာက မင်းကို အရမ်းချီးကျူးနေတာ။ ဒုတိယ ညီလေး က အခုလိုမျိုးပဲ ထပ်ပြီး အားထုတ် ကြိုးစား နေဖို့ပဲ လိုတယ်နော်''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now