အပိုင်း (62.2)

2.7K 381 1
                                    

(62.2)

ယွမ်ဇဲကျင်း လေး အကြောင်းပြော ရရင် လော်ရှောင်း က သူလေး ကို တကယ်ကြီး အတော်​လေး ချစ်ခင် နှစ်သက်လေတယ်။ ဘာလို့လဲ ဆိုတော့ ကလေးလေး က အဓိက အားဖြင့် ထက်မြတ်တဲ့ အပြင် အပြုမူ ကောင်းတွေ ရှိလို့ပဲ ဖြစ်တယ်။ သူက ဒီလို ကောင်းမွန်လှတဲ့ ကလေးလေး မမွေးနိုင်ဘူး ဆိုနေမှတော့ အဲ့လိုကလေးလေး ကို သူ့ရဲ့ ' ချွေးမ ' အဖြစ် အိမ်ကို လက်ထပ် ခေါ်ယူနိုင်ရင် သူအရမ်းကို ကျေနပ်မိမှာပါ။

ဒါကြောင့်မလို့ အနာဂတ်မှာ ကလေး နှစ်ယောက် က အတူတကွ ကြီးပြင်းလာရင် ပိုလို့တောင် ကောင်းအုံးမှာပါ။ ဒါပေမယ့် အခုတော့ သူ့ရဲ့ ' တုံးအ လှတဲ့ ဝက်လိုသား ' က သူ့ရဲ့ ' ယောက္ခမ' ရဲ့ အတားအဆီးကို ကျော်လွှားနိုင်မယ် လို့ မထင်ဘူး။

ယွမ်ဇဲကျင်းလေး က ပိုပြီးတော့ ကြီးလာလေလေ ပိုပြီးတော့ လှပ လာလေလေပဲ။ ဒီလိုမျိုး နူးညံ့ သိမ်မွေ့တဲ့ အသွင်အပြင်ရှိသော ကလေးလေး တွေက အရမ်းကို ရှားပါးလေတယ်။ ဒါကြောင့်ပဲ ဘုရင်လေး သွမ့်ဇီခမျာ ယွမ်ဇဲကျင်းလေး ရဲ့ ဆွဲဆောင်မှု အောက်မှာ ကျရှုံး သွားလေတယ်။ ထိုကလေး က အလှတရားကို မခုခံနိုင်ပဲနဲ့ မွေးဖွားလာခဲ့တာ ပဲလေ။ သူက ကောင်းမွန်တဲ့ တစ်စုံတစ်ခုကို တိုးတက်အောင် လုပ်ပြီးတာနဲ့ သူ့ရဲ့ ဒီလှပတဲ့ ညီငယ်လေး ဆီကို အကောင်းဆုံး  လက်ဆောင် ပို့ပေး တက်တဲ့ အလေ့အကျင့် ရလာခဲ့တယ်။

ကျန်းဂျင် က သွမ့်ဇီလေးရဲ့ ' ချစ်ခြင်း မေတ္တာ ပြသ မှု ကြီး ' ကို အနည်းငယ် ရယ်စရာတစ်ခုလို့ပဲ  တွေးမိခဲ့တယ်။ အခုချိန်မှာတော့ ကလေးတွေက ဘာကိုမှ သိပ်ပြီးတော့ နားမလည်ကြသေးဘူးလေ။ ပြီးတော့ ကြီးလာတဲ့ အချိန် ကျတော့မှပဲ ငယ်စဥ် အကြောင်းအရာ တွေနဲ့ သူတို့ကို စနောက်ပြီး ဟာသ လုပ်လို့ ရတာပေါ့။

ဒါပေမယ့် ခိုးကြောင်ခိုးဝှက် အနမ်းတိုက်ခိုက်မှု ခံရပြီး ကတည်းက ယွမ်ဟောင်ဟာ ယွမ်ဇဲကျင်းအား သူ့ရဲ့ ပါးကို တစ်ခြားသူတွေ သာမန်ကာလျှံကာ နမ်းခွင့် မပြုရဘူးလို့ အကြိမ်ကြိမ် မှာကြားခဲ့တယ်လေ။

ရလဒ် အနေနဲ့ ကတော့ ' မြေခွေးလို ပါးစပ် ' နဲ့ သွမ့်ဇီ ကထပ်ပြီးတော့ မအောင်မြင်တော့ပေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now