အပိုင်း (13)

11.7K 1.3K 19
                                    

(13) ပထမဆုံး နှင်း

'' ဧည့်သည်တော်တို့ မှင်တွေ ၊ စာရွက်တွေ ၊ စုတ်တံတွေ ကိုရော ဝယ်ကြအုံးမလား?''

ဆိုင်ပိုင်ရှင်က သူတို့ ၂ ယောက် ထွက်သွား တော့မှာ တွေ့တော့ သူက အမြန်လှမ်း ပြောလိုက်တယ်။

ယွမ်ဟောင် ရဲ့ ပုံစံက လုံးဝကို ပညာသင်ကျောင်းသား နဲ့မတူပေမယ့် ကျန်းဂျင်ကတော့ မတူဘူးလို့ မပြောနိုင်ဘူးလေ။ သူ့ရဲ့ ပုံလေးက နွေးထွေးတဲ့ ကျောက်စိမ်း လိုရုပ်သွင်လေးနဲ့ ကောင်းမွန်တဲ့ စကားပြောဆိုရည် ပါ ထပ်ပေါင်းလိုက်တော့ ပိုလို့တောင် ပညာသင် ကျောင်းသားလေးနဲ့ ပိုတူသွားတော့တာပေါ့။

သူ့ရဲ့ အဝတ်အစားတွေက အနည်းငယ် ဟောင်းနွမ်းနေပေမယ့် သူ့ကို မြင်တဲ့ ဘယ်သူမဆို ချမ်းသာတဲ့ မိသားစုက သခင်ငယ်လေး တစ်ယောက်လို့ပဲ ထင်ကြမှာ အမှန်ပဲ ဖြစ်လေတယ်။

သူ့ရဲ့ သိမ်မွေ့နူးညံ့ဟန်က သာမန်လူတွေထက်ကို ပိုပြီးတော့ ကျော့ရှင်း နေတာ ဖြစ်လို့ ဆိုင်ရှင်က သံသယ မရှိစွာနဲ့ပဲ သူတို့ကို တားလိုက်ရတာ ပဲဖြစ်လေတယ်။

ထိုစကားသံကို ကြားလိုက်ရတဲ့ ကျန်းဂျင်က ယာယီဆိုင်လေးကို ပြန်လှည့်ကြည့် လိုက်တယ်။ ထပ်ပေါင်းပြောရရင် သူကအနုပညာ ရတနာလေးမျိုးကို သင်ခဲ့ရတာကြောင့် ပန်းချီတစ်ချို့ကိုလည်း ဆွဲနိုင်လေတယ်။

သူဖတ်ဘူးတဲ့ ထဲမှာတော့ ရှေးခေတ် အချိန်တွေမှာ ထို အနုပညာအတွက် အသုံးပြုတဲ့ ပစ္စည်းတွေက အရမ်းကို စျေးကြီးတယ်လို့ပေါ့။ ဒါကြောင့် အဲ့တာကို ဝယ်လို့ကတော့ အများကြီးကို ကုန်ကျသွား နိုင်တယ်။ ကြည့်ရတာကလည်း ထိုပစ္စည်းတွေက လုံးဝကို စျေးပေါပုံ မပေါ်ပါပေ။

'' ဧည့်သည်ရေ မင်းရဲ့ ဇနီးက ကြည့်ရတာ အရမ်းကို တော်ပြီးတော့ ပညာဉာဏ် ကြွယ်ဝတယ် ဆိုတာ သိသာတယ်ဗျ။ သူ့အတွက် ပစ္စည်းအစုံလိုက် တစ်ဆက်လောက် ဝယ်ပေးလိုက်ပါလားဗျာ''

ဆိုင်ရှင်က စျေးကွက်မမြင်တဲ့ သူမဟုတ်ပါပေ။ ကျန်းဂျင်က ဝယ်ဖို့ စိတ်မဝင်စား တာကို တွေ့တော့ သူ့ရဲ့ ပစ်မှတ်က ယွမ်ဟောင် ဆီကို ပြောင်းလဲ လိုက်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now