အပိုင်း ( 53. 2)

4.1K 474 11
                                    

(53.2)

ချန်အန်း အပတ်စဥ်သတင်းစာ ထွက်လာပြီး နောက်ပိုင်း ကြော်ငြာတွေကို ထည့်ဝင်လာကြလေတယ်။ သတင်းစာကလည်း လူတွေကြားထဲမှာ ကျယ်ကျယ် ပြန့်ပြန့် ရှိလာပြီး လက်ခံ လာကြပြီဖြစ်လို့ တစ်ကြိမ်လောက် ကြော်ငြာရင် လူတွေကို အနည်းငယ် လောက်တော့ ဆွဲဆောင် နိုင်မှာပဲ ဖြစ်လေတယ်။

ဒါပေါ့ ကြော်ငြာခ ကလည်း တကယ် မနည်းပါချေ။ လီမင်းယင်ရှာတွေ့ပြီး စာချုပ်ချုပ်ထားတဲ့ ' သတင်းရေး ဆရာ' ယန်ဇီဝေ့ ကလည်း ကြော်ငြာ လာအပ်တဲ့ သူတွေအတွက် ကြော်ငြာ ဇာတ်ညွှန်းကို ဘယ်လို ရေးပေး ရမလဲ ဆိုတာ ရှာဖွေ တွေ့ရှိသွားလေတယ်။

အခုချိန်မှာ ဆိုရင် သတင်းစာထဲမှာ ကြော်ငြာထည့်တာက အတော်လေးကို များလာကြပြီပဲ ဖြစ်လေတယ်။ လော်ရှောင်းနဲ့ ကျန်းဂျင်က ကြော်ငြာ ထည့်ဝင် လိုသူတွေရဲ့ ပစ္စည်းတွေ ကိုစစ်ဆေး အကဲဖြတ်ဖို့ရာ လူ၂ယောက်ကို သီးသန့်ပို့ပြီးတော့ ဝေဖန်ချက် ပေးခိုင်းခဲ့လေတယ်။

သတင်းစာထဲ မှာ ပါလာပြီ ဆိုတာနဲ့ ထိုဆိုင်က အရင်ကလိုမျိုး လုံးဝ မဟုတ်ကြတော့ပေ။ ကျန်းဂျင်က နောက်ပိုင်း မျိုးဆက်ရဲ့ သတင်းစာ စီမံခန့်ခွဲမှု ပုံစံကို အတုယူပြီး လော်ရှောင်း နဲ့အတူ ' ရိုးရှင်းတဲ့ သတင်းစာတိုက် ' ကို တည်ထောင် ခဲ့လေတယ်။

ဒီလို နည်းလမ်းနဲ့မှ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက် ရမယ့် သူတွေ အတွက် အဆင်ပြေလာမယ် ၊ အလုပ်လုပ် နေတဲ့ သူတွေ အတွက် နေထိုင်စရာ အတည်တကျ ရှိလာပြီး တာဝန်တွေကို ပိုလုပ်နိုင်မယ်၊ သူတို့ရဲ့ အလုပ်တွေကို ချစ်ခင်လာမယ် ပြီးတော့ ဌာနအမျိုးမျိုးကို ဖွင့်လှစ်လို့ ရနိုင်မှာပဲ ဖြစ်လေတယ်။

ထိုသတင်းစာ တိုက်ကို လုပ်ဖို့ တစ်လတစ်ခွဲလောက် ကြာပြီးတဲ့နောက် အရာရာ ပြီးစီးသွားတော့တယ်။ ' ရိုးရှင်းတဲ့ သတင်းစာ တိုက် ' က လူတွေ အများကြီးကို ပြန်စုဆောင်း ခဲ့ပြီးတော့ ထိုအလုပ်အကိုင် မရှိသူတွေ နဲ့ ' ဂျာနယ်လစ် ' တွေက သတင်းစာတိုက် အသစ်ရဲ့ အမြဲတမ်း အလုပ်သမားတွေ ဖြစ်လာခဲ့တယ်။

ဒီလိုနည်းလမ်းနဲ့ပဲ သတင်းစာတိုက်ရဲ့ လမ်းကြောင်းက ဖြောင့်တန်းလာတဲ့ အချိန်မှာတော့ ကျန်းဂျင်ရော လော်ရှောင်း အပေါ်မှာ ရှိတဲ့ တာဝန်တွေက အတော်လေး ပေါ့ပါးသွားတော့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Donde viven las historias. Descúbrelo ahora