အပိုင်း ( 52. 2)

4K 486 6
                                    

(52. 2)

[ အနောက်ဘက် ရေကန်ဝယ်

မိုးစက်လေးတွေက ပိုးသားတွေလို ရွာချ နေတာကြောင့်

ငှက်ရိုင်းတွေ ခမျာ မိုးသားကို ဖောက်ပြီး မပျံသန်းနိုင်ပေ။

လယ်သမားကြီးဟာ ထယ်ထိုးဖို့ ပြင်ဆင်နေရင်း ဟင်းစားငါး ရဖို့ပါ မျှော်လင့်နေလေရဲ့။

လေးလံနေတဲ့ မိုးရေ တွေကို သယ်ထားတဲ့ အမဲရောင် မိုးသားတိမ်တွေကို ထိုင်ကာ စောင့် ကြည့်နေခဲ့တယ်။

ဒီဘက်မှာတော့ တစ်လျောက် မိုးရေတွေ ပတ်ဖြန်း ပေးခဲ့ပေမယ့် အရှေ့ဘက်တောင်တန်း တွေမှာတော့ နေသာနေခဲ့တယ်။

ရုတ်တရက်ပဲ သူ့ခေါင်းပေါ်ကနေ လျပ်စီးကို မြင်လိုက်ရတယ်။

ဒါပေမယ့် ထိုလျပ်စီးဟာ အရှေ့ဘက် တောင်တန်း ပေါ်ကို သွားလေတော့တယ်။ ]

အဆုံးမှာတော့ ကျန်းဂျင်က ထိုကဗျာကို ကြိုက်နှစ်သက် သွားပြီးတော့ မဲပေးခဲ့တယ်။ ဒါပေမယ့် ယွမ်ဟောင် ကတော့ အစောက ကဗျာကို ကြိုက်နေဆဲ ဖြစ်တဲ့ အတွက်ကြောင့် သူက ထိုကဗျာကိုပဲ မဲပေးလိုက်လေတယ်။

လူတိုင်း မဲပေးပြီးသွားတဲ့ အချိန်မှာတော့ ပွဲစီစဥ်တင်ဆက်သူတွေက မဲတွေကို ချက်ချင်းပဲ ရေတွက် လိုက်ပြီးတော့ အနိုင်ရရှိသူ ကို တွေ့ရှိသွားတယ်။ ထိုအချိန်မှာပဲ ကြော်ငြာတဲ့ သူက အနိုင်ရရှိတဲ့ သူကို ကြော်ငြာလိုက်တယ်။

'' ဒီ ကဗျာ ပြိုင်ပွဲမှာ အနိုင် ရရှိသွားတဲ့ သူကတော့ နံပါတ် ၂၀၉ ပဲ ဖြစ်ပါတယ်!  ''

ကြော်ငြာတဲ့ သူက ထွက်လာပြီးတော့ ဆက်မေးလေတယ်။

'' ဒါဆို နံပါတ် ၂၀၉ က ဘယ်သူတဲ့လဲ ''

သူက ထိပ်က အုပ်ထားတဲ့ နာမည်နေရာကို ဖွင့်ပြီး ပြောလိုက်တယ်။

'' ဟုတ်ကဲ့ အဲ့တာကတော့ လူကြီးမင်း တုံးဖန်း ကျီ ပဲ ဖြစ်ပါတယ် ၊ ဂုဏ်ယူပါတယ် ''

'' တုံးဖန်းကျီ ၊ တုံးဖန်းကျီ ဆိုတာ က ဘယ်သူလဲ တစ်ခါမှ အဲ့နာမည်ကို မကြားဘူးပါဘူး ''

'' ဟုတ်ပ။ ငါက အဲ့တာကို ယန်ရှင်းရွှမ် ရေးတယ်တောင် ထင်နေတာ''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now