အပိုင်း (36)

5.6K 638 2
                                    

(36)

လော်ရှောင်းရဲ့ ဖေဖေ နာမည်က ကျူအန်း ဖြစ်တယ်။ သူ့ရဲ့ မိသားစု ကလည်း မြို့တော်မှာ ကျော်ကြားတဲ့ မိသားစု တစ်ခု ဖြစ်တယ်လေ။ မိသားစုက လော်မိသားစု လောက်ကို ကြီးပြီးတော့ အစေခံတွေ ကလည်း ရာနဲ့ချီ ပြီး ရှိလေတယ်။ ပြီးတော့ သူကိုယ်တိုင် ကလည်း ကလေးဘဝ ကတည်းက စီးပွားရေး ဘက်မှာ အရမ်း စွမ်းရည်ရှိလေတယ်။ ဒါကြောင့် ဆယ်ကျော် သတ် အရွယ်မှာတင် ' ကျူ သခင်လေး ' ဆိုပြီးတော့ နာမည် ကျော်ကြားလေတယ်။

ကျူအန်း နဲ့ လော်ကျန်းကို ငယ်စဥ်ကတည်းက မိသားစု ပူးပေါင်းရေး အနေနဲ့ လက်ထပ်ပေးဖို့ သဘောတူ ခဲ့တာကြောင့် အရွယ်ရောက်လာတဲ့ အခါ လက်ထပ်ခဲ့ကြတယ်။

မိသားစု နောက်ခံ နှစ်ခု လုံးကလည်း တူညီတဲ့ အနေအထား မှာ ရှိနေပြီးတော့ နှစ်ယောက် လုံးက ငယ်ရွယ်ကြကာ တစ်ဥ်းကို တစ်ဦး  ကတိတွေ ဖြည့်ဆည်း ပေး နိုင်ခဲ့ကြတယ်။ မိဘတွေ သဘောတူ လို့သာ လက်ထပ်ခဲ့ ရပေမယ့် ကျူအန်း နဲ့ လော်ကျန်း တို့ဟာ တကယ်ကြီး ချစ်မိသွားကြ လေတယ်။

ဒါကြောင့်မလို့ အရွယ်ရောက်တာ နဲ့ယူလိုက်ကြတာပေါ့။ ပြီးတော့ မင်္ဂလာပွဲ ကလည်း ငွေအများကြီး အကုန်အကျ ခံပြီးတော့ ခမ်းခမ်းနားနား လုပ်ပေးခဲ့တာမို့ အခုချိန်ထိ ကျော်ကြား နေဆဲ ပါပေ။

နောက်ပိုင်းမှာတော့ ကျူအန်းက ကလေး ၃ ယောက် မွေးဖွား ပေးခဲ့လေတယ်။ ပထမ တစ်ယောက် ကတော့ လော်ထန်း ဖြစ်ပြီး ဒုတိယ တစ်ယောက်  ကတော့ လော်ယွမ် ဖြစ်ကာ အငယ်ဆုံး ကတော့ လော်ရှောင်းပဲ ဖြစ်လေတယ်။ သူတို့ အကုန်လုံးက ထက်မြတ်ကြလေတယ်။ အကြီးဆုံးသား လော်ထန်းကို လော်ကျန်းကိုယ်တိုင် ကြီးကြပ် ပြီးတော့ မိသားစု အမွေ ဆက်ခံ မယ့်သူ အဖြစ် လေ့ကျင့်ပေးကာ လော်ယွမ် ကိုတော့ အကယ်ဒမီကို ပို့ပြီး မင်းမှုထမ်းတစ်ယောက် ဖြစ်လာစေ ဖို့ ကြိုးပမ်းခိုင်းလေတယ်။

လော်ရှောင်းဟာ လော်ကျန်း နဲ့ ကျူအန်း တို့ရဲ့ အချစ်ဆုံး ကလေး ဖြစ်ပေမယ့် မိသားစု လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဖို့ရာ ဝမ်မိသားစု နဲ့ လက်ထပ်မယ့် လူကို လော်ရှောင်း အဖြစ် လော်ကျန်းက ရွေးချယ်နေဆဲ ပါပဲ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now