အပိုင်း (55. 2)

3.5K 420 0
                                    

(55. 2)

ယွမ်ပင်းက ပြောတာကို နားကော လည်ရဲ့လား ဆိုပြီးတော့ တစ်ခြားသူတွေက သံသယ ဝင်ကြပေမယ့် အလေးနက်ထားတဲ့ သူ့ရဲ့ မျက်နှာလေးနဲ့ မျက်လုံး တောက်တောက်လေး တွေကို မြင်လိုက်ရတဲ့အခါ သူတို့ရဲ့ သံသယတွေကို ပြန်မျိုချလိုက်ပါတော့တယ်။

ယွမ်ဟောင်လည်း မျက်နှာချင်းဆိုင်မှာ ထိုင်ပြီးရော ကျန်းဂျင် က သူ့ရဲ့ အတွေးတွေကို စစ််ထုတ်လိုက်ပြီးတော့ အကျဥ်းချုပ် တဲ့ အမူအရာနဲ့ စပြောလိုက်တယ်။

['' ဒါပေမယ့် သူပြောလိုက်တာက ချန်ကျားချွမ်း ဘုရားကျောင်းမှာ ဘဝတွေအများကြီးကို ကယ်တင်ပေးပြီး ထိုနေရာမှာ လူတွေ အများကြီး ရှိနေတယ်လေ ။ ငါလည်း မေးဖို့သွားလိုက်ရော တစ်ယောက်ယောက် က မြင်သွားပြီးတဲ့နောက် အကုန်လုံး အကြောက်လန့်တကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားကြလေရော ပြီးတော့ ဘာကို ဆက်လုပ်လို့ လုပ်ရမှန်း မသိကြတော့ ဘူး......''

'' ရှီးဖော် ကျွန်တော်လည်း ဒီအချိန်မှာ ရှီးဖော်လိုမျိုး ဘုန်းကြီး တစ်ပါးဖြစ်လာပြီလေ။ ဘာကြောင့် ဒီတပည့်က ရွှေရောင် သံခွေကို စွပ်ထား ရသေးတာလဲ။ ဘာလို့များ အရှင်က အလွတ်ရွတ် ဂါထာ ကို မဖယ်ပေး ရသေးတာလဲ? ဒီရွှေကွင်းကြီးက တပည့်တော်ကို အရမ်းနှိပ်စက် ထားခဲ့တာပါ။ ရှီးဖော် တက်နိုင်သမျှ မြန်မြန်​လေး အဲ့တာကို ဖယ်ရှားပေးပါ။ တပည့်တော်ကို အဲ့တာကို ဖယ်ရှားပြီးရင် ချွတ်ပြီးတော့ အပိုင်းအစတွေဖြစ်အောင် ရိုက်ချိူး ပြစ်တော့မှာ။ ဘုရားလောင်း တော်က တစ်ခြားသူတွေကို လုံးဝ လှည့်စားလို့ မရဘူးနော် ရှီးဖော် ''

ဘုန်းတော်ကြီး ထန် က ပြောလိုက်တယ်။

'' မင်းက အဲ့အချိန်တုံး က ထိန်းချုပ် စီမံရတာ အရမ်းခက်ခဲတာကိုး။ ဒါကြောင့်သာ ငါအဲ့နည်းကို သုံးခဲ့ရတာလေ။ အခုတော့ မင်းက ဘုန်းတော်ကြီး တစ်ပါးဖြစ်လာပြီ။ မင်းက သဘာဝအတိုင်း လွတ်လပ် သွားပြီလေ။  ငါက အဘယ့်ကြောင့် မင်းကို လှည့်စားနေရ အုံးမှာလဲ! အဲ့တာကို ထိဖို့ကြိုးစားကြည့်ပါ။ ''

တန်ခိုးရှင် က သူ့ရဲ့ လက်ကို မြောက်လိုက်ပြီးတော့ ရွှေရောင်ကွင်းကို ထိလိုက်တယ်။ ပြီးတော့ သေချာတာပေါ့ အဲ့နေရာမှာ ဘာရွှေရောင် ခေါင်းချုပ်ကွင်း မှ မရှိတော့ဘူး။ သူတို့က သူတို့ရဲ့ အဆင့််အတန်းအရ ကောင်းချီးပေးခံ လိုက်ရတယ်။ မြင်းလေး ကလည်း နဂါးပြန်ဖြစ်သွားပြီးတော့ သူ့ရဲ့ ပုံအမှန်ကို ပြန်ရသွားတယ်လေ..... ။]

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now