အပိုင်း (63. 1)

3K 379 2
                                    

(63. 1) အပြီးသတ်

ဒါတွေ ပြီးတဲ့နောက် ဆရာနဲ့ တွေ့ပေးဖို့ ယွမ်ဇဲကျင်းလေးကို ယွမ်ကျယ်က ဧည့်ခန်းမ ကျယ်ထဲကို ခေါ်လာခဲ့လေတယ်။ ဆရာက သူ့ကို တွေ့တော့ ခေါင်းအကြိမ်ကြိမ် ငြိမ့်လေတယ်။ ဘာလို့လဲ ဆိုတော့ ထိုကလေးကို သူတကယ် စိတ်ကျေနပ်လို့ ပဲ ဖြစ်လေတယ်။

ထပ်ပေါင်း​ပြော ရရင် ယွမ်ဇဲရှု ကလည်း ကျောင်းပို့ဖို့ အရွယ်ရောက် နေပြီ ဖြစ်ပေမယ့် ကျန်းဂျင်က ထပ်ကာ ထပ်ကာ ဆွေးနွေး ညှိနှိုင်း ပြီးတဲ့နောက် သူက ယွမ်ဇဲရှု ကိုပါ အိမ်မှာ တစ်နေပိုနေခိုင်း ပြီးတော့ စာလေ့လာ သင်ကြား ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အဓိက အကြောင်း အရာကတော့ ယွမ်ဇဲရှု က အရမ်းငယ်သေးကာ ယွမ်ဇဲရွှမ်းလိုမျိုး ကိုယ်ပိုင် ထိန်းချုပ်မှု မရှိတဲ့ အပြင် ချင့်ချိန် နှိုင်စွမ်းလည်း မရှိသေးဘူးလေ။ ထပ်ပေါင်းပြော ရရင် သူက ယွမ်ဟောင် ဆီကနေ သိုင်းပညာလည်း သင်ယူနေတဲ့ အတွက်ကြောင့် အိမ်မှာနေပြီးတော့ ဆရာလျူရဲ့ လက်အောက်မှာ စာသင်ဖို့က ပိုပြီးတော့ အဆင်ပြေတယ်လေ။

ဒါကြောင့်မလို့ ဆရာလျုရဲ့ တပည့်ထဲမှာ ယွမ်ဇဲရှုပါ ထည့်ပေါင်း ခံလိုက်ရလေတယ်။

လျူဆရာ က အတော်လေး ကို တကယ် အရည်အချင်း ရှိတဲ့ သူ ဖြစ်ပြီးတော့ အခြေခံ ကျွမ်းကျင်မှုတွေ အများကြီးလည်း တက်ကျွမ်းသူ ပဲ ဖြစ်လေတယ်။ သူက ချင်တီးခတ်တက်ပြီးတော့ စစ်တုရင် ကစားတက်ကာ လက်ရေးလှနဲ့ ပန်းချီ လည်း ဆွဲတက်လေတယ်။

သူက ကျန်းဂျင်ဟာ ပုလွေ တီးခတ် နိုင်တယ် ဆိုတာကို တစ်ခါ ကြားသွားပြီး ကတည်းက သူက အချိန်ရှိရင် ကျန်းဂျင်ဆီက အကြံဉာဏ်တွေ တောင်းတက်လေတယ်။

ကျန်းဂျင် ဆီက တစ်ခါမှ မကြားဘူးတဲ့ သံစဥ်တွေ အများကြီး တီးမှုတ်နိုင်ကာ နားထောင်ဖို့ အရမ်းလည်း သာယာနာပျော်ဖွယ် ဖြစ်တာကြောင့် ဆရာလျူက
အရမ်းကို အံ့သြ ခဲ့လေတယ်။

ဆရာလျူက စစ်တုရင် ကစား ရာနေရာမှာ တော်ပြီးတော့ အားလပ်ချိန် မှာဆိုရင် သူနဲ့ အတူ စစ်တုရင် ကစားဖို့ တစ်​ယောက် ဒါမှမဟုတ်  နှစ်ယောက်ကို ဆွဲခေါ် လေ့ ရှိတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Wo Geschichten leben. Entdecke jetzt