အပိုင်း (39.1)

5.6K 706 8
                                    

(39.1) သတင်းစာ( အခန်းဆက် မဂ္ဂဇင်း စာစောင်)  တစ်ခု ထုတ်ဝေခြင်း

ကျန်းဂျင် က သူ့ရဲ့ ဘဝအကြောင်းရယ် ၊ ပြီးတော့ လော်ရှောင်းရဲ့ ဘဝအကြောင်းရယ်ကို ပြန်တွေးမိတော့ သူအတော်လေးကို အရှက်ရသွားလေတယ်။

တစ်ခြ ကမ္ဘာက ရှေးခေတ် အချိန်က ကလေးတွေမှာ သူတို့ရဲ့ လက်ထပ်မှုကို သူတို့ဘာသာ ရွေးချယ်ခွင့် မရှိကြပေ။ မိဘတွေရဲ့ အမိန့်အပြင် အောင်သွယ်တော် တွေရဲ့ စကားကြောင့် လူအများက လက်ထပ်လိုက်ရတာတွေ များလေတယ်။  အာဏာ အရင်းအမြစ်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ဧကရာဇ်တောင်မှ ထိုအရာကို မလွဲရှောင်နိုင်ပဲ ခေါင်းငုံ့ပြီးတော့သာ လက်ခံလိုက်ရတာ တွေက များလေတယ်။

လော်ရှောင်းရဲ့ အတွေ့အကြုံက ဒီနေရာမှာ ရှိတဲ့ လူထောင်ပေါင်း များစွာတွေ့ ကြုံနေရတဲ့ အဖြစ်အပျက် ထဲက စံနှုန်းတစ်ခုပဲ ဖြစ်လေတယ်။ ထိုနေရာမှာ သူတို့ကို အတင်းပေးစား လိုက်လို့ နာကျင်မှုတွေ ခံစားနေရာတာ အများကြီး ကှိနေပါတယ်။ လော်ရှောင်းရဲ့ ဖေဖေ ကျူအန်း က ကံကောင်းသွားရုံ သာ ဖြစ်လေတယ်။

လော်ရှောင်းက ကျန်းဂျင်ကို ပြောပြခဲ့တယ်။ နောက်ပိုင်း ကျူအန်းက တုံ လင် ကနေ ပြန်ရောက်တော့ တစ်ခုခု မှားနေမှန်းကို သတိထားမိ ခဲ့တယ်။ သူက အိမ်မှာ ဘာတွေ ဖြစ်သွားတာလဲ ဆိုတာ ကိုတွေ့ပြီးတော့ ပိုပြီးဒေါသ ထွက်သွားကာ လော်ကျန်းနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့လေတယ်။ ဝမ်ဇီမင် အကြောင်းကို ကောင်းကောင်းသိတဲ့ ကျူအန်း ကတော့ လော်ရှောင်း လွတ်မြောက် သွားတာ အတော်လေးကို ကံကောင်းထောက်မ တာပဲလို့တောင် ခံစားမိတယ်။

ဒါပေမယ့် သူထင်တာ က လော်ရှောင်းထွက်​ပြေး သွားတယ် ဆိုတာ လော်ကျန်းရဲ့ အစီအစဥ်ကြောင့်ပဲ ဆိုတာလို့ပဲ ကျူအန်းထင်နေခဲ့တယ်။ အမှန်တရားကို လော်ရှောင်းအား ပြန်မတွေ့ခင်အထိ ကျူအန်း မသိခဲ့ပါချေ။

ဝမ်ဇီမင်ရဲ့ အကြံက ကျရှုံးသွားခဲ့ပြီးတော့ ဒေါသ ထွက်သွား ပေမယ့် သူက အများရှေ့မှာတော့ ပြဿနာ မရှာရဲခဲ့ပါချေ။ ပြီးတော့ လော်ကျန်းလည်း မသိခဲ့ပါပေ။ ဘာလို့လဲ ဆိုတော့ လော်ရှောင်း လွတ်မြောက်သွားတာနဲ့ လော်မိသားစု နဲ့ ဝမ်မိသားစုရဲ့ လက်ထပ်ပွဲက ပျက်စီး သွားလို့ပဲ ဖြစ်လေတယ်။ ဒီအချက်ကြောင့်ပဲ လော်ကျန်းက လော်ရှောင်းကို အရမ်းမုန်းလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Onde histórias criam vida. Descubra agora