အပိုင်း (18)

9.6K 1.1K 15
                                    

18.  မေမေကျန်းမှ အိမ်သို့ လာလည်ခြင်း

အကုန်လုံးကို နေရာတကျ သေချာထားပြီး သွားတဲ့နောက် သူတို့ လုပ်ဖို့လိုအပ်တာ ကတော့ ခြံထဲမှာနဲ့ ယာကွင်းလေးတွေ ထဲမှာ စိုက်ပျိုးဖို့ မျိုးစေ့ဝယ်ဖို့ရာ ပိုက်ဆံ ရှာယုံပါပဲ။ ဒီအချိန်က ရာသီလေးခုမှာ ပျိုးကြဲ ဖို့ အကောင်းဆုံး ရာသီပဲ ဖြစ်လေတယ်။

ယွမ်ကျားရွာ တည်ရှိနေတဲ့ နေရာက မြေဆီသြဇာကောင်း ပြီးတော့ အထွက်နှုန်း မြင့်တဲ့ နေရာတွေပဲ ဖြစ်လေတယ်။
ဒါပေမယ့် အဲ့တာက ဟိုးအရင်ကတည်း က ဖြစ်ခဲ့တာတော့ မဟုတ်ပေ။

ယွမ်ဟောင်ရဲ့ ပြောစကား အရ ယွမ်ကျားရွာက ဒီနေရာမှာ အစောဆုံး တည်ရှိခဲ့တဲ့ ရွာပါတဲ့လေ။ ယွမ်ကျား ရွာရဲ့ ဘိုးဘေးတွေက ထွက်ပြေး လာခဲ့ပြီးတော့ ဒီရတနာမြေကို မတော်တဆ ရှာတွေ့ခဲ့တယ်တဲ့။

နောက်ပိုင်း မှာတော့ ထိုသူတွေက ဒီနေရာမှာ အ​ခြေချဖို့ ဆုံးဖြတ်ကာ လယ်ယာတွေ စတင်စိုက်ပျိုး ပြီးတော့ ရွာတည်ခဲ့တာ တဲ့လေ။

ဒါတွေ ပြီးသွားတဲ့နောက် တစ်ခြားနေရာက လူတွေလည်း ရောက်လာကြပြီးတော့ ထိုမြေပေါ်မှာ အခြေချ နေထိုင် စိုက်ပျိုးကြရင်းနဲ့ ပတ်ပတ်လည်မှာ ရွာတွေ ပေါ်လာတာပဲ ဖြစ်တယ်။

ရွာတွေ ရှိတဲ့နေရာက အနောက်ဘက်မှာဆို တောင်တန်းကြီး ရှိပြီးတော့ အရှေ့ဘက်မှာဆို ကန့်သတ်မဲ့ လွင်ပြင်ရိုင်း ကွင်းပြင်ကြီး ရှိတယ်လေ။ ပြီးတော့ မြစ်တွေနဲ့ ကန်တွေဆီ ကနေ ပြီးတော့လည်း ရေအရင်းအမြစ်ကို ပေါများစွာ ရခဲ့ကြတယ်လေ။

နှစ်ရာပေါင်းအနည်းငယ် လောက် ပြုပြင်ပြောင်းလဲ ပြီးတဲ့နောက် ထိုနေရာရဲ့ နေရာတိုင်းမှာ ကျေးလတ်လယ်ကွင်းတွေ အများကြီး ပေါ်လာခဲ့တယ်။

ထို အကြောင်းပြချက်ကြောင့် ဖြစ်နိုင်လောက်တယ်။ လူတိုင်းက အသက်ရှင်ဖို့ စိုက်ပျိုးကြတယ်။ ပြီးတော့ မိသားစု တစိခုတိုင်းမှာ လယ်ကွင်း တစ်ခုဆီတော့ ရှိကြတယ်။ တစ်ချို့ အထူးသီးသန့်နေတဲ့ သူတွေ ကလွဲလို့ပေါ့လေ။

ဒီနိုင်ငံမှာ အမဲလိုက် မုဆိုးတွေက အတော်လေးကို နည်းပါးတယ်။ ဒါပေမယ့် တောင်တန်းကြီးတွေ ကတော့ အများကြီး တည်ရှိနေတာပဲ ဖြစ်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now