အပိုင်း (62. 1)

2.7K 397 5
                                    

(62. 1) နှစ်များစွာ ကြာပြီးတဲ့နောက်

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ယွမ်အိမ် ရဲ့ စီးပွားရေး လုပ်ငန်းတွေ က ကောင်းကောင်း ဖွံဖြိုးခဲ့တယ်လေ။ သူတို့ရဲ့ အသီးဝိုင်ဆိုင် တွေက ရှနိုင်ငံတော်ရဲ့ နေရာ ဒေသ အသီးသီး မှာ ပျံ့နှံသွားကာ လူတိုင်းက အရမ်းကို နက်ရှိုင်းစွာ နှစ်သက် သွားကြလေတယ်။ နှစ်ပတ်လည် အကျိုးကျေးဇူး ကအရမ်းကို ကောင်းမွန်ဖြစ်ထွန်း လေတယ်။

ယွမ်ပေါ် ကတော့ ယွမ်ဟောင်ရဲ့ လူယုံတော် ဖြစ်လာပြီတော့ အလုပ်တွေ အများကြီးကို သူ့အတွက်  လက်လွဲ ပေးခြင်း ခံရလေတယ်။

အသီးဝိုင်ဆိုင် တိုးတက်တာက သတင်းစာ ရဲ့ တိုးတက်မှုကို လုံးဝ မမှီသေးပေ။ သတင်းစာက အရမ်းကို အောင်မြင် ကျော်ကြား နေပြီပဲဖြစ်လေတယ်။ ၅ နှစ်အတွင်းမှာပဲ ရှနိုင်ငံ တစ်ခုလုံးကို သတင်းစာ ကအုပ်ထား နိုင်ခဲ့တယ်။

မင်းတို့က ဘယ်နေရာမှာပဲ နေပါစေ သတင်းစာ ဝယ်ဖတ်လိုပါက ' ရိုးရှင်းသော သတင်းစာ ' တိုက် ကနေ ဝယ်ဖတ် ရုံပါပဲ။

နိုင်ငံ တစ်ဝှမ်း မှာလူတိုင်း ကအရင်ကထက် ပိုပြီးတော့ အလုပ်ရှုပ်လာ ကြလေတယ်။ ကျန်းဂျင် ကလည်း ပျော်စရာ ကောင်းတဲ့ ဆိုင်ရှင် ဘဝမှာ သိပ်အကြာကြီး မနေခဲ့ လိုက်ရပါချေ။ လော်ရှောင်း က ကျန်းဂျင်အတွက် သင့်တော်တဲ့ တာဝန် တွေကို ပုံမှန်အားဖြင့် စီစဥ်ပေးလေ့ ရှိတယ်လေ။ ကံကောင်းစွာနဲ့ပဲ အဲ့ဒါတွေက ခက်ခဲတဲ့ အလုပ်တွေ မဟုတ်ခဲ့ပေ။

'' ညီလေး ကျင်းအာ!  ငါ မင်းကို တွေ့ဖို့ ဒီကိုလာတယ်! ''

ကလေးသံလေး တစ်သံ က ခြံရဲ့ အပြင်ဘက် ကနေ ပြီးတော့ ကျယ်လောင်စွာ ထွက်လာခဲ့တယ်။ ခြေသံတွေက တဖြည်းဖြည်း နီးကပ်လာပြီးတော့ ယွမ်ဇဲကျင်း စာလေ့လာရာ အဆောင် တံခါး ဆီကနေ အပြာရောင် ဝတ်စုံ ဝတ်ထားတဲ့ ဝတုတ်လေး က ပေါ်လာတော့တယ်။

'' အကို သွမ့်ဇီ! ''

ယွမ်ဇဲ ကျင်းလေးက လေ့လာနေတဲ့ စာအုပ်ကို ချကာ အထဲကို ဝင်လာတဲ့ ကလေးလေးရဲ့ အမည်ကို ခေါ်လိုက်တယ်။

ထို ကလေးလေး ကတော့ လီမင်းယင် နဲ့ လော်ရှောင်း တို့ရဲ့ ကလေးပဲ ဖြစ်လေတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ လော်ရှောင်းက ကလေး နောက်တစ်ယောက် ထပ်မရခဲ့ပေ။ သူက အမွှာလေး ထပ် မွေးထားတဲ့ ကျန်းဂျင်ကို သေလောက်အောင် မနာလို အားကျ နေခဲ့တယ်။ အထူးသဖြင့်ကတော့ ကလေး ၃ ယောက် လုံးက လိမ္မာပြီး အလွန်နာခံမှု ရှိနေတာ ပဲ ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now