အပိုင်း (62. 3)

2.7K 369 1
                                    

(62.3)

ကျန်းဂျင် က အခန်းထဲမှ ဗီဒို အသေးလေး ထဲကနေ အပေါ်ကုတ် အဝတ်အသေးလေး ကို ထုတ်ယူလိုက်ပြီးတော့ ဇဲကျင်းလေးရဲ့ ပုခုံးနားမှာ ရစ်ပတ်ကာ တင်းကြပ်နေအောင် ဝတ်ပေးထား လိုက်တယ်။

'' မင်းရဲ့ အကို​ကြီး သွမ့်ဇီနဲ့ တစ်ခဏ တော့ ဆော့လို့ရတယ်။ ပြီးတော့ ညီလေးကို ခေါ်လိုက်အုံး။ မှတ်မိနော်။ ရေထဲမှာ မဆော်ရဘူး။ အအေးမမိစေရ ဘူးနော် ''

ယွမ်ဇဲကျင်းလေးက နာခံစွာနဲ့ ခေါင်းကို ငြိမ့်ပြလေတယ်။

''သွမ့်ဇီ ညီလေးကို မင်းနဲ့ ပေးဆော့တယ်နော်။ အပြင်မှာ အကြာကြီးတော့ ဆော့လို့ မရဘူးနော် ''

ကျန်းဂျင်က သွမ့်ဇီရဲ့ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်တယ်။

'' ဦလေး ကျန်း ၊ စိတ်မပူပါနဲ့!  ကျွန်တော်က ညီလေးကို ကောင်းကောင်း ဂရုစိုက်မှာပါ ''

'' ကောင်းပြီ။ ဒါဆို မင်းတို့ သွား ကစားကြတော့ ''

ကလေး နှစ်ယောက် ထွက်သွားတဲ့ ပုံကို ကြည့်ကာ လော်ရှောင်းက သက်ပြင်း ချလိုက်လေတယ်။

'' တကယ်လို့ ကျင်းအာ လေးသာ ပိုသန်မာခဲ့ ရင် ကောင်းမှာပဲ..... ''

'' အခုလက်ရှိ ဒီအခြေအနေ ပဲ ရောက်လာနိုင်တာ ကို ငါကျေနပ် နေပါပြီ။ ကျင်းအာလေးကို မွေးတဲ့ အချိန်တုံး ကသမားတော် ပြောခဲ့တဲ့ စကားကို ငါအခုထိ မှတ်မိသေးတယ်း။ ကျင်းအာလေး ကအဲ့နှစ် ဆောင်းရာသီ ကိုတောင်မှ ကျော်နိုင်မှာ မဟုတ်ဘူးတဲ့လေ။ ဒီလောက် သေးငယ်၊ နူးညံပြီး ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် က ဒီအရွယ်လေး ထိ ရောက်လာတာကိုပဲ ကောင်းချီးတွေ များနေပါပြီ။ သူနဲ့ ပတ်သက်ပြီး ငါအများကြီး မမျှော်လင့် ရဲပါဘူး.......  ''

လွန်ခဲ့တဲ့ နှစ်တွေမှာ ယွမ်မိသားစုက အများကြီး ချဲ့ထွင်နိုင်ခဲ့တယ်။ ကလေးတွေ အတွက် ဆောက်ထားတဲ့ ကစားကွင်းလေး မှာတောင်မှ ပစ္စည်းတွေ အများကြီး ထပ်ဖြည့် ပေးနိုင်ခဲ့ပြီးတော့ ထိုနေရာက ရှောင်ရှု လေးရဲ့ အကြိုက်ဆုံး နေရာ ဖြစ်လာခဲ့တယ်။

''ဒုတိယ အကို ဒီကို မြန်မြန်လာခဲ့! ''

ဇဲရှုလေး က မြင်းရုပ်ပေါ် ပျော်ရွှင်စွာ တက်စီးနေချိန် သူ့ဒုတိယ အကို ထွက်လာ တာကို မြင်လိုက်ရ တော့ ချက်ချင်းပဲ အော်ခေါ်လိုက်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now