အပိုင်း (47)

4.7K 607 9
                                    

(47) ကလေး မွေးဖွားခြင်း

လအနည်းငယ်လောင် ကုန်လွန် သွားပြီးတဲ့နောက် ကျန်းဂျင်ရဲ့ မွေးဖွား ရက်ကလည်း တ​ဖြေးဖြေး နီးကပ်လို့ လာခဲ့ ပါပြီ။ ဒါကြောင့် မလို့ ယွမ်အိမ်တော်ရဲ့ သတိရှိမှုတွေက အဆုံးစွန်ဆုံး  အထိ အလွန်အမင်းကို အထိမခံစွာ ရောက်ရှိနေခဲ့တယ်။

ကလေးမွေးဖွားတဲ့ အချိန်မှာ လော်ရှောင်းလိုမျိုး ဆင်တူ ကိစ္စရပ် ​ဖြစ်ပွားလာမှာ ကြောက်ရွံ့ တဲ့ အတွက်ကြောင့် ယွမ်ဟောင်က ကောင်းမွန်တဲ့ ဂျင်ဆင်းတစ်ချို့ကို အခုကတည်းက ကြိုဝယ်ထားလေတယ်။ မြို့က သမားတော် ကိုလည်း ကြိုတင်ပြီးတော့ အမှာစာ ပို့ ထားလေတယ်။ ယွမ်ဟောင်က ဒီရက်ပိုင်းတွေ မှာဆိုရင် အပြင်ဆို ဘယ်နေရာမှ မသွားတော့ပဲ ကျန်းဂျင်ရဲ့အနားမှာပဲ တစ်နေကုန် ကပ်နေခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ကလေးက မမျော်လင့်ထားတဲ့ အချိန်မှာ ကောက်မွေးလာမှာ စိုးလို့ပါတဲ့လေ။

ဗိုက်အကြီးကြီး ကြောင့် ကျန်းဂျင်က မသက်မသာ ခံစားနေခဲ့ရတယ်။ ထိုအချိန်မှာပဲ သူ့စိတ်ထဲ တင်းအားတွေနဲ့ ကြောက်ရွံ့မှုတွေက ဆန်းကြယ်စွာ ပျောက်ဆုံး နေခဲ့တယ်လေ။ သူက ကလေးလေး ဘေးကင်းစွာ မွေးဖွားလာစေဖို့ တစ်ခုထည်းပဲ မျှော်လင့်ထားခဲ့တယ်။

မနက်ခင်းတစ်ခုမှာတော့ ကျန်းဂျင်တစ်ယောက် နိုးလာတဲ့ အချိန်မှာ  သူ့ရဲ့ ဗိုက်က စတင်ပြီးတော့ နာလာတာကို ခံစား မိလေတယ်။ အရင်ရက်တွေက သူ့ဗိုက်လေးက တစ်ခါတစ်လေ မာနေတက်ပြီး တစ်ခါတစ်လေ ပျော့ပျောင်းနေ တက်တယ်။ ထိုစဥ်က သမားတော်က အဲ့အခြေအနေကို သိသွားပြီးတော့ ကလေးမွေးဖွားတာနဲ့ ပတ်သတ်ပြီး အသေးစိတ် ရှင်းပြပေးခဲ့တယ်လေ။ ဒါကြောင့် အခုချိန်မှာ သူကလေးမွေးတော့ မယ်မှန်း ကျန်းဂျင် သိလေတယ်။

'' ယွမ်ဟောင်... ငါထင်တာကတော့လေ... ''

ကျန်းဂျင်က ယွမ်ဟောင်ရဲ့ လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။

'' မင်းမွေးတော့မှာလား??!?''

ယွမ်ဟောင်က အလျင်အမြန်ပဲ မေးလိုက်တယ်။

'' ဟုတ်တယ်! !''

ကျန်းဂျင်က ခေါင်းငြိမ့်လိုက်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now