အပိုင်း (56. 2)

2.9K 385 4
                                    

(56 . 2)

ရာသီဥတုက အေးလာတာနဲ့ အမျှ ကျန်းဂျင် က လှုပ်ရှားဖို့ ပိုပြီးတော့ အဆင်မပြေ ဖြစ်လာခဲ့ လေတယ်။ တောင်ပေါ် က အပူချိန် ကလည်း ပိုနိမ့်တာကြောင့် အိမ်မှာ နေတာတောင်မှ ကျန်းဂျင် က အဝတ်ထူထူ ဝတ်ထားရလေတယ်။

သခင်မ က အအေးကြောက်တက်မှန်း သိတဲ့ အတွက်ကြောင့် ယွမ်ကျယ်က အသိစိတ်ရှိစွာနဲ့ သူ့အခန်းထဲမှာ ကြေးမီးဖိုလေး နှစ်ခုကို ထားပေး ခဲ့ပြီးတော့ ပင်မ အခန်းကြီး ထဲကို သွားစရာ မလိုတော့ပေ။ သူက အပူတွေ လွတ်ထွက် သွားမှာကို စိုးရိမ်တဲ့ အတွက်ကြောင့် လိုက်ကာ ထူထူ တွေပါ ကာပေးခဲ့လေတယ်။

ဒီလိုနည်းလမ်းကြောင့် အိမ်ရဲ့ အတွင်းပိုင်း က နွေးထွေးပြီးတော့ သက်တောင့်သက်သာ ဖြစ်လေတယ်။ အိမ်ရဲ့ အပြင်ဘက်နဲ့ အခန်းထဲက လုံးဝကို သိသိသာသာပဲ ကမ္ဘာနှစ်ခု အဖြစ်ကွာခြား နေပြီးတော့ ကျန်းဂျင်က ပိုလို့တောင် အိမ်ထဲကနေ အပြင်ကို မထွက်လိုတော့ပေ။

ကံကောင်းစွာနဲ့ပဲ ဇဲရွှမ်းလေး က နည်းနည်းအသက်ကြီး လာတာ ဖြစ်လို့ တီတီတာတာ စကားလေးတွေ မပီမသ ပြောနေပြီ ပဲ ဖြစ်တယ်။ ဒါကြောင့် အိမ်ထဲမှာ နေလည်း ကျန်းဂျင်က ပျင်းရိတယ်လို့ မခံစားရပါပေ။

ဒီနေ့တော့ အပြင်မှာ ဆောင်းလေအေးတွေ အရမ်းကြီး တိုက်ခိုက်နေခဲ့တယ်။ တကယ်လို့ အိမ်ခန်းထဲမှာ ပုန်းနေတယ် ဆိုရင်တောင်မှ အပြင်ဘက် က လေတိုက်သံ အကျယ်ကြီးတွေကို ကြားနေရဆဲပါပေ။

'' အဲ့တာ က ကြည့်ရတာ နှင်းကျတော့မယ် ထင်တယ် ''

စကားစပြောဖို့ ခက်ခဲတဲ့ ယွမ်ဟွားတောင် စပြီးတော့ ပြောလာလေတယ်။

ယွမ်ဟွားနဲ့ ယွမ်ကျယ် တို့က ကျန်းဂျင်ကို အခန်းထဲမှာ အဖော်ပြု နေခဲ့တယ်။ ဒီနှစ်ဆောင်းဦးမှာ ဝါဂွမ်းတွေ အများကြီးကို ရိတ်သိမ်း ခဲ့ရလေတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီး ရှိနေတာကို ကျန်းဂျင် အခုမှပဲ အမှတ်ရလေတယ်။ ဒါကြောင့် သူက သူတို့ နှစ်ယောက်ကို လူတစ်ယောက် ဆီအတွက် အနွေးထည်ကုတ် ၂ထည်ဆီ ချုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။

သူက မေမေကျန်း ဆီကလည်း အချုပ်အလုပ်ကို သင်ခဲ့ပေမယ့် သူ့ရဲ့ ကျွမ်းကျင်မှု က မလုံလောက်ပေ။ သူပျင်းတယ်ဆိုရင်တော့ ဇဲရွှမ်းလေး အတွက် အနွေးကုတ်လေးကို ချုပ်ပေးလို့ရတယ်လေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now