အပိုင်း (50.1)

4.8K 555 4
                                    

(50.1) လင်အန်း မြို့သို့ သွားခြင်း

သူတို့ အလုပ်စဝင်မယ့် ရက်ကို ရောက်လာတဲ့ အချိန်မှာတော့ ဆရာဝမ်က လူအနည်းငယ်ကို ခေါ်ကာ တောင်ပေါ်ကို မနက်အစော တက်လာခဲ့ ကြတယ်။ မြို့ကနေ ဒီတောင်ပေါ် ကို သွားတာ လာတာက အချိန်တစ်ချို့ ကြာတဲ့ အတွက်ကြောင့် ကျန်းဂျင်က သူတို့အတွက် အစားသောက် ကအစ အရယကုန်လုံးကို ပြင်ဆင် ပေးထားလေတယ်။

အခုက ဆောင်းဦးရာသီ အချိန် ဖြစ်တာကြောင့် အပူချိန် အနည်းငယ် ရှိသေးတယ် ဆိုပေမယ့်လည်း ရာသီဥတု က အေးတဲ့ ဘက်ကို ရောက်နေပြီပဲ ဖြစ်လေတယ်။ ဒါကြောင့် ကျန်းဂျင်နဲ့ ယွမ်ကျယ် တို့က ပဲနီလေး စွတ်ပြုတ်ကို မကြာခဏ တည်ပြီး သူတို့ကို နေ့တိုင်း တိုက်လေတယ်။

အပြင်ဘက်အလုပ် လုပ်ရတာက အရမ်းကို ​ပင်ပန်းလေတယ်။ ဆရာဝမ်နဲ့ တစ်ခြားသူတွေ အတွက် တကယ်ကို မသက်သာပေ။ ဒါကြောင့် တစ်နေ့မှာ မုန့်တစ်မျိူးတော့ ကျွေးခဲ့လေတယ်။

အလုပ်သမားတွေဟာ ဒီလောက်ကောင်းမွန်တဲ့ အလုပ်ရှင်တွေ မျိုးကို တစ်ခါမှ မတွေ့ဘူးပေ။ ဒါပေမယ့် သူတို့အပေါ် ကောင်းပေးတဲ့ အတွက်ကြောင့် အလုပ်လုပ်ရာ မှာ သူတို့က အရင်က ထက် ပိုပြီးတော့ တက်တက်ကြွကြွနဲ့ လုပ်ပေး လာကြတယ်။

ဆရာဝမ်နဲ့ အလုပ်အတူတူ တစ်ခါ လုပ်ဘူးတဲ့ အတွက်ကြောင့် ကျန်းဂျင်နဲ့ ယွမ်ဟောင် အဖို့ ဆရာဝမ်ရဲ့ စရိုက်နဲ့ လက်မှု ကျွမ်းကျင်တာကို သိပြီးသား ဖြစ်လေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က နောက်တစ်ခြား ဟာတွေ လုပ်စရာ ရှိတဲ့ အတွက်ကြောင့် အိမ်ရဲ့ လုပ်ပိုင်ခွင့်ကို ယွမ်ကျန်းတို့ ၃ ယောက်ဆီ လက်လွှဲ ပေးခဲ့တယ်။ ပြီးတော့ ဆရာဝမ်သာ ပြောစရာ ရှိတယ်ဆိုရင် ယွမ်ကျန်း ဆီကို တိုက်ရိုက် ပြောရုံပဲ ဖြစ်လေတယ်။

ထပ်ပေါင်းပြော ရရင် ကျန်းဂျင် ဒီဇိုင်းဆွဲပေးတယ် ဆိုတာက ဆရာဝမ် ဆောက်ရမယ့် အိမ်ပုံစံတွေ တင်မက ပါချေ။ သူတို့ တစ်အိမ်လုံးအတွက် လိုအပ်တာတွေ ကိုပါ ဒီဇိုင်း ဆွဲပေး ခဲ့တာပဲ ဖြစ်လေတယ်။ သူတို့ကလေးတွေ အတွက် ကစားကွင်းကို တောင်ကုန်းပုလေး မှာ ဆောက်မှာ ဖြစ်ပြီးတော့ စပျစ်ခြံလေး ကိုရော ပေါ့လေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now