အပိုင်း (42.1)

4.8K 616 12
                                    

(42.1)

နောက်ဆုံးမှာတော့ ပြည်သူလူထုရဲ့ ဆွေးနွေးမှုတွေက ပိုပြီး တောက်လောင်လာကာ အစိုးရရုံးတော်ရဲ့ အာရုံကို ဆွဲဆောင် နိုင်သွားလေတယ်။ အဲ့တာ မတိုင်ခင် ဝူတချန်ကို သနားတဲ့ စာသင်သားတစ်ချို့က စုပေါင်းပြီးတော့ အသနားခံစာမှာ လက်မှတ် ရေးထိုး ခဲ့ကြလေတယ်။ ဒါပေမယ့် ရုံးတော်ရဲ့ သဘောထားက မရှင်းလင်းခဲ့ ပါချေ။ ဒါက ဝူတချန် အတွက် နစ်နာမှု ဆိုတာ ပေါ်ပေါက်လာတာ တောင်မှ ရုံးတော်က မသိချင်ယောင် ဆောင် ထားတုံးပါပဲ။

အချိန်ကြာလာတာနဲ့ အမျှ ထိုအမှု ကိစ္စအတွက် စိတ်အား ထက်သန်မှုတွေကို တဖြေးဖြေး ငြင်းဆိုခံလိုက်ရတယ်။ ပြီးတော့ ' ချန်အန်း ' အပတ်စဥ် ထုတ်မယ့် နေ့ကလည်း မကြာခင်မှာပဲ ထပ်ပြီးတော့ ရောက်ရှိလာခဲ့တယ်။

အခုချိန်မှာတော့ ချန်အန်း မြို့ရှိ လူတိုင်း က အခြေခံ အားဖြင့် ' ချန်အန်း အပတ်စဥ် ' ဆိုတဲ့ သတင်းစာ ရှိနေပြီမှန်း သိနေကြပြီပဲ ဖြစ် လေတယ်။ ပြီးတော့ လူတိုင်းကလည်း သတင်းတွေနဲ့ ပတ်သတ်လို့ အ​ခြေခံ အားဖြင့် နားလည် သဘောပေါက်နေ ကြပြီပဲ ဖြစ်လေတယ်။

ပထမဆုံး တစ်ခေါက်က လူထုရဲ့ အာရုံကို ဆွဲဆောင် ပြီးပြီမို့ ဒီတစ်ခေါက်မှာတော့ အရင်ခေါက်ကလို ရူးသွပ်စွာ မရောင်းရလောက် ဘူးဆိုတာကို သူတို့က ကြိုခန့်မှန်း ပြီးတဲ့​နောက် အစောင်ရေ ၅ ထောင် ကိုပဲ ပုံနှိပ်ခဲ့လေတယ်။ အခု လောလောဆယ် တော့ သူတို့မှာ တည်ငြိမ်တဲ့ စျေးကွက်ကို မချုပ်ကိုင် နိုင်သေးပေ။ တကယ်လို့ သူတို့မှာသာ သေချာတဲ့ စာဖတ်သူ တွေ ရှိလာပြီ ဆိုရင်တော့ သတင်းစာကို ဘယ်လောက် ပုံနှိပ်ရမလဲ ဆိုတာကို အသေအချာ သတ်မှတ်ထားလို့ ရလေတယ်။

သတင်းစာ ပုံနှိပ်မှု မလုပ်ခင်တစ်ရက်အလိုမှာ ' တင်ပြသူ ' တစ်ယောက်ဖြစ်တဲ့ ကျန်းတယ်ဂျင်း က အစိုးရရုံးတော်ဟာ ဝူတချန်ရဲ့ အမှုကို ပြန်လည် စစ်ဆေး နေပြီ ဆိုတာကို လာတင်ပြခဲ့လေတယ်။

ဖြစ်နိုင်တာ ကတော့ ပြည်သူလူထုတွေရဲ့ သဘောထား ထင်မြင်ချက် တွေ ကြောင့် ရုံးတော်ရဲ့ သဘောထား အပေါ် တကယ် အကျိူးသက်ရောက်မှု ရှိလာဟန်ပဲ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now