အပိုင်း (45. 2)

4.1K 526 9
                                    

(45.2)

အဲ့ကလေးရဲ့ အားက အရမ်းကြောက်ဖို့ ကောင်းလေတယ်!

ခွေးခြေလေးကို မလုယူနိုင်တာကြောင့် အချိန်ကြာလာတာ နဲ့အမျှ သူကပဲ ခံစားရတာ များလာပြီးတော့ မကြာခင်မှာပဲ သူ့မျက်လုံးထဲကို သွေးတွေစီးကျလာတော့ လူတစ်ကိုယ်လုံး တောင့်ခံ မထားနိုင်တော့ပေ။

'' မကောင်းတဲ့ ကောင်စုတ်လေး!  ငရဲကို သွားတော့!!''

အစက မူးဝေ ပြီး မြေပြင်ပေါ် ချိနဲ့စွာ လဲနေတဲ့ လျောင်းဇီက အားအင်အပြည့်နဲ့ ရိုက်နေတဲ့ ယွမ်ဟောင်ကို တွေ့တော့ သူစိတ်ထဲမှာ ဒေါသတွေ ထွက်လာကာ ကုန်းရုန်းထပြီး လက်ထဲက ဓားနဲ့ ပြေးထိုးလေတယ်။

'' မဟုတ်ဘူး။ ဖေဖေ !''

ယွမ်ဟောင်ဟာ ပိန်ပါးပြီး စိတ်မမှန်ဖြစ်နေတဲ့ သူ့ဖေဖေ ကျောင်းယွမ်က သူ့ရဲ့ကိုယ်နဲ့ ဓားချက်ကို ဝင်ကာ လိုက်တာကို တွေ့လိုက်ရတယ်။ ထိုဓားဟာ သူ့ဖေဖေရဲ့ ဗိုက်ထဲကို ထိုးစိုက်သွားတာ တွေ့လိုက်ရတယ်။

'' အား အား အားးးးး! ''

လျောင်းဇီက ထိုနွမ်းလှ ဖျော့ဖတ် ရူးနေတဲ့ သူက ရုတ်တရက်ကြီး သူ့လမ်းကို လာပိတ််မယ်လို့ မထင်ခဲ့ပေ။ သူက ဓားကို ကျောင်းယွမ်ဆီကနေ ပြန်နုတ်မလို့ ပြင်တုံး အနောက်ကနေ သွေးစွန်းနေတဲ့ ခွေးခြေ က သူ့ရဲ့ ခေါင်း နောက်ဆီကို ဝဲပျံလာပြီးတော့ သူ့ရဲ့ အသိစိတ်တွေကိုလည်း ဆုံးရှုံး သွားပါတော့တယ်။

'' မင်းကို သတ်မယ်!  မင်းကို သတ်မယ်! !''

ယွမ်ဟောင်ရဲ့ မျက်လုံးတွေက နီရဲ နေပြီးတော့ သူဟာ သွေးစွန်းနေတဲ့ ခုံလေးနဲ့ လျောင်းဇီကို အသားစတွေ အဖြစ်ကျဲသွားတဲ့အထိ အသေရိုက်နေခဲ့တယ်။ ထိုအချိန်မှာပဲ ယွမ်တက အကြောက်တရား ကိုခံစားလိုက်ရပြီးတော့ သူက ထကာ ထွက်ပြေးမှ ဖြစ်တော့မယ်ဆိုတာ ကိုသိလိုက်ရတယ်။

ဒီကလေးက တကယ် ရူးနေပြီပဲ!

အဲ့ကလေးက သူတို့ နှစ်ယောက် လုံးကို သတ်တော့မှာ!  !

ယွမ်တက မူးဝေပြီး ခေါင်းကိုက်နေတာကြောင့် အော​ဂ လီဆန်နေတာ ကိုတောင့်ခံကာ ခုံနဲ့ နံရံကို မှီပြီးတော့ လွတ်မြောက်ဖို့ ကြိုးစား လိုက်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now