အပိုင်း (34)

6.7K 814 7
                                    

(34) အနောက်အရပ်သို့ ခရီးသွားခြင်း

ကျန်းဂျင်က ညစာစားပြီးနောက် ပုံပြင်ပြော ပြတယ် ဆ်ိုတာကိုလည်း သိလိုက်ရရော လော်ရှောင်းရော မေမေလော်ပါ ပြန်ဖို့ရာ အလျင်မလိုတော့ပါချေ။ သူတို့က ညစာစားခဲ့ကြပြီးတေ့ ကျန်းဂျင် ပုံပြင်ပြောမှာကို စောင့်နေခဲ့ကြတယ်။

ရာသီဥတု က အခုချိန်မှာ အရမ်း မအေးပေမယ့် ခြံဝင်းထဲမှာ လူတွေ အများကြီး ရှိနေတာကြောင့် ပိုပြီးတော့ နွေးနွေးထွေးထွေး ရှိကြလေတယ်။ ဒါကြောင့် လူတိုင်းက ခုံတွေရွေ့ကာ အတူတကွ နားထောင်ကြဖို့ရာ စုရုံးထိုင်လိုက်ကြီး ပုံပြောပြလာမှာကို စောင့်စား နေကြလေတယ်။

ကျန်းဂျင် အရင် ပုံမပြောပြခင်မှာ သခင်မလော်၊ လော်ရှောင်း ၊ အိမ်တော်ထိန်း ရှုနဲ့ လီမင်းယင် တောင်မှပဲ သူတို့သိတဲ့ ပုံတိုပတ်စလေးတွေကို စိတ်ဝင်စားစရာ ကောင်းအောင် ဒါမှမဟုတ် နာမည်အတပ်ခံ ရလို့ စတဲ့ အကြောင်း အမျိုးမျိုးကြောင့် ပြောပြခဲ့လေတယ်။

လော်ရှောင်းက ဖက်ပြီး သွားပေမယ့် သူက လီမင်းယင်နဲ့ အတူတူ မျှဝေ ဆဲပါပဲ။ သူတို့ အဖွဲ့ထဲ ကိုလည်း အိမ်တော်ထိန်း ရှုက အပျော် သဘောအနေနဲ့ အတူတူ ပူးပေါင်း ပါဝင် ခဲ့လေတယ်။

နောက်ဆုံး တစ်ခေါက် ကျန်းဂျင် ပြောခဲ့တဲ့ အပိုင်းက စွန်းဝူခုန်း ဟာ ကောင်းကင်ဘုံမှာ သောင်းကျန်း ခဲ့တဲ့ အကြောင်း ဖြစ်လေတယ်။ ဒါကြောင့် အခု ပြောမယ့် အပိုင်းက မကောင်းဆိုးဝါး မျောက်တွေကို ဖမ်းရာ မှာ မသေမျိုးတွေ အကုန် ကျရှုံးသွားတယ် ဆိုတဲ့ အကြောင်း ပဲ ဖြစ်လေတယ်။ ပြီးတော့ သူတို့တွေက အနောက်ဘက် ဗုဒ္ဓ ဆီကနေ အကူအညီ သွားတောင်း ကြတော့မှာ ပဲ ဖြစ်လေတယ်။

လော်ရှောင်းနဲ့ တစ်ခြား သူတွေက လာဖို့ရာ အခက်အခဲ ရှိတာကြောင့် ထိုနေ့မှာတင် အပိုင်း ၂ ခု ဆက်တိုက် ပြောပြ ခဲ့လေတယ်။ ကျန်းဂျင်ရဲ့ အသံနေ အသံထားနဲ့ ပတ်သက်ပြီးတော့ အလွန်အရည်အချင်း ရှိတဲ့ အပြင် ဘာသာစကားမှာလည်း ကောင်းမွန်ပြီးတော့ ဇာတ်လမ်းကိုလည်း ဟာကွက်မရှိ ပြောနိုင်လေတယ်။

အခြေခံ အားဖြင့် အနောက်အရပ်သို့ ခရီးသွားခြင်းရဲ့ နှစ်လိုမှုက လည်း အရမ်း အားကောင်းတာ ကြောင့် နားထောင်နေတဲ့ လူတိုင်းကို ဖမ်းစား နိုင်ခဲ့ လေတယ်။ အဲ့လို ဇာတ်လမ်း ပြောပြ နေချိန်မှာ သူ့လက်ထဲ ဇာတ်လမ်း စာအုပ် မရှိပေမယ့် ထိုနေရာမှာ လုံးဝ ထစ်ငေါ့ခြင်း မရှိခဲ့ပါပေါ။ သူ့ရဲ့ နှလုံးသား ထဲမှာ ထိုဇာတ် ကြောင်းကို လုံးဝ မှတ်မိနေသေးတယ်လေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now