အပိုင်း (40.2)

5.1K 634 5
                                    

(40.2)

'' အဲ့တာ ထက် ကျွန်တော်တို့ အိမ်ကို တာ့လီက ဝမ်တစ်ပြားတောင် ပြန်မပါလာဘူးလေ။ ဆိုတော့ ကျွန်တော်တိူ့ ဘယ်လို ဆက်လုပ်ကြ ရမလဲ? ''

ကျင်းအာ က အခြေ ခံ အကျဆုံး ပြဿနာကို တွေးမိလေတယ်။

'' ဒါဆိုလည်း ငါက အလုပ်ရှင်ဆီကို သွားပြီးတော့ ငွေလေး နည်းနည်းလောက် ကြိုထုတ်လို့ ရနိုင်မလား ဆိုတာကို သွားမေးလိုက်မယ် ''

လီလီ က ပြောလိုက်တယ်။

လီရဲ့ အဖေက လီလီ ကို အစောတလျင် ပြောခဲ့တယ်။

'' တာ့လီ ။ မင်း ရဲ့ ဒီအလုပ်ကို ကောင်းကောင်း လုပ်ရမယ်နော်။ မင်းကို ကြင်နာတက်လို့ အခွင့်အရေး ပေးတာကို မဆုံးရှုံး မိစေနဲ့ ''

'' မစိုးရိမ်ပါနဲ့ အဖေ ! ကျွန်တော် က အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်မှာပါ! ''

ဒါပေါ့ ကျန်းဂျင်နဲ့ လော်ရှောင်း တို့ကတော့ ထို မိသားစု အကြောင်းကို မသိခဲ့ကြပေ။ ပထမဆုံး အကြိမ် အနေနဲ့ သတင်းတွေ စုဆောင်း ပြီးတဲ့နောက်မှာတော့ လော်ရှောင်းက ကျန်းဂျင် ဆီကို ယူလာပြီးတော့ ပြသ ခဲ့လေတယ်။

'' ဒီထဲက တစ်ချို့ သတင်း အချက် အလက်တွေက သုံးလို့ မရဘူး။ လုံလောက်ပါတယ်။ ငါတို့က သူတို့ကို ကောင်းကောင်း လေ့ကျင့်ပေး ရမယ်လေ။ ငါတို့ဆီ မှတ်တမ်း ရေးပို့တဲ့ သူတွေ ကိုရောပေါ့ ''

ကျန်းဂျင်က စာရွက်တွေ လှန်ကြည့်နေရင်းနဲ့ သက်ပြင်းချ လိုက်တယ်။ အဆုံးမှာတော့ ဒီလိုအရာမျိုးတွေ လုပ်ရတာ လူတိုင်း အတွက် ဒါက ပထမဆုံး အကြိမ်ပဲလေ။ ပြီးတော့ သူတို့က သိပ်ပြီးတော့ နားမလည်ကြ သေးဘူး။ ဒါပေမယ့် ကျန်းဂျင် ကတော့ စိတ်မပျက်သွားပါပေ။ ဘာလို့လဲ ဆိုတော့ ဒီလို အခြေအနေ မျိုး ဖြစ်လာမယ် လို့ အစကတည်းက သူကြိုတွေး ထားပြီးသားပါပေ။

'' မင်း ငှားထားတဲ့ သတင်းစုဆောင်း ယူသူတွေကို ငါ့ဆီကိုပို့လိုက်ပါ။ သူတို့က ဘာကို အလေးပေးပြီး သတင်းယူရမယ် ပြီးတော့ ဘာတွေ ကိုမှတ်မိနေ ရမယ်ဆိုတာကို ငါသင်ပေးလိုက် ပါမယ်''

လော်ရှောင်းက ခေါင်းငြိမ့်လိုက်တယ်။

'' ငါ သူတို့ကို မနက်ဖြန် ကျရင် လွှတ်လိုက်ပါမယ်။ မင်းရဲ မွေးမယ့် ရက်ကလည်း နီးနေပြီလေ။ ဒါကြောင့် မင်းကိုမင်း မပင်ပန်းစေနဲ့။ သတိထားအုံးနော်။ မဟုတ်လို့ ကတော့ ယွမ်ဟောင်က ငါနဲ့ စာရင်းရှင်းရလိမ့်မယ်ကွ ''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now