အပိုင်း (57. 1)

2.7K 359 4
                                    

(57.1) ဟော့ပေါ့

ဒါပြီးတဲ့နောက် သူ တို့က အနားယူဖို့ ကိုယ်ပိုင်အခန်း ဆီ ပြန်ကြလေတယ်။

ယွမ်ဟောင် က ကျန်းဂျင်ကို ဖက်ကာ အိပ်ယာပေါ် ထိုင်လိုက်ပြီးတော့ ပြတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက် က ဆောင်းရှုခင်းတွေကို ကြည့်ရှုခံစားနေခဲ့တယ်။ ပြတင်းပေါက် ထဲက လေအေးတွေ တိုက်တဲ့အချိန် ကျန်းဂျင် အအေးမိမှာ စိုးတဲ့အတွက် ယွမ်ဟောင် က တင်းကြပ်စွာ ဖက်ထားလေတယ်။

စားပြီးသောက်ပြီးတဲ့နောက် ဇဲရွှမ်းလေး က သူ့ရဲ့ ပုခတ်လေး ထဲမှာ အသံသေးသေးလေး ထွက်ပြီး အိပ်ပျော်နေခဲ့ ပါပြီ။

'' ဘာကြောင့်လဲ တော့ ငါလည်း မသိဘူး။ လူတွေက ဆောင်းရာသီမှာဆိုရင် အတော်လေး ပျင်းရိကြလေ့ရှိတယ်။ သူတို့က လုံးဝကို မလှုပ်ချင်ကြတော့ဘူးလေ။ ''

ကျန်းဂျင်က ကျယ်ပြောတဲ့ သူ့လူရဲ့ ရင်ခွင်ကြးကို မှီနေကာ ဘာကိုမှ မပြောခဲ့ပေ။ ဒါပဲလေ။ လူတွေက စားသောက်နိုင် လာပြီလေ။ အတိတ်မှာတော့ သူက စားသောက်ချင်တဲ့ စိတ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ အာရုံမစိုက်ခဲ့ ပေမယ့် အခုဆောင်းတွင်းမှာတော့ သူက အစားစားလိုစိတ် ပိုများခဲ့ပြီလေ။ ပြီးတော့ သူက အခုရက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်ဖို့ ​ပျင်းရိနေတဲ့ အတွက်ကြောင့် သူ့ခါးသူ ပြန်စမ်း ကြည့်တဲ့အခါ အတော်လေး ဝိတ်တက်လာမှန်း သိလိုက်ရတယ်။

'' ဘာမှားနေလို့လဲ? ''

ယွမ်ဟောင် က ချီဟန်ရဲ့ အခြေအနေကို ဒီရက်တွေမှာ မြင်ခဲ့ ရပါတယ်။ ဒါပေမယ့် သူက သူ့မိန်းမလေး အခုလို ဖြစ်လာတာကို မြင်ရတာ အရမ်းကို ပျော်ရွင်ရပြီးတော့ ချီဟန်ကို ပိုလို့တောင် ဝလာစေချင်ကာ များများလည်း အနားယူစေ လိုပါတယ်။

ဒါပေမယ့် ကျန်းဂျင်ပြောတဲ့ စကားကို ကြားပြီးတဲ့ နောက်မှာ သူက ကျန်းဂျင်ရဲ့ ကိုယ်နဲ့ ပတ်သက်ပြီး တစ်ခုခု မှား နေမှာ ကို စိတ်ပူမိတယ်လေ။

'' ဒါပဲလေ။ ခများနဲ့ ယွမ်ကျယ် တို့က ကျွန်တော့်ကိုဆို အရမ်းကြီး စိတ်လှုပ်ရှားနေတက်ကြတာ ။ စိတ်ပူမနေပါနဲ့။ တကယ်လို့ ကျွန်တော် နေမကောင်းဘူး ဆိုရင်တောင်မှ ကျွန်တော်က ပြန်ကောင်းလာဖို့ အခွင့်အရေး ရမှာပါနော် ''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now