အပိုင်း (54. 3)

3.3K 403 1
                                    

(54. 3)

တစ်ချို့ လက်ဖက်ရည်အိမ်တွေ မှာဆိုရင် သူတို့က ပုံပြောသူ တွေကို တောင် ဖိတ်ပြီးတော့ သတင်းစာထဲက အထူးအကြောင်းအရာတွေ အပေါ်မှာ မှတ်ချက်ပေးတာ၊ ဝေဖန်တာ တွေလုပ်ပြီးတော့ ဆိုင်ကို လာတဲ့ သူတွေကလည်း စကားဝိုင်းထဲ ကိုပါ ပါဝင်လာကြပြီး သူတို့ရဲ့ အမြင်တွေ ကိုပါ ပါဝင်ဆွေးနွေး လာကြတယ်လေ။

ထို တိုးတက်မှု နဲ့အတူ လက်ဖက်ရည် အိမ်တွေက ပညာသင်ကျောင်းသားတွေနဲ့ ပညာရှင်တွေ အတွက် အကြိုက်ဆုံးနေရာတွေ ဖြစ်လာခဲ့တယ်။ ဒီနေရာမှာဆိုရင် သူတို့က နောက်ဆုံးရ အကြောင်းအရာ တွေကို နားလည် ရုံသာမက လူထုရဲ့ အမြင်ကိုပါ သိလာရလေတယ်။ ပြီးတော့ ပိုလို့တောင် အရေးကြီးတဲ့ အချက်က သူတို့ရဲ့ အတွေးအမြင်တွေကို တစ်ခြားလူတွေ ရဲ့ အမြင်ဘက် အဆိုတွေနဲ့ ဆွေးနွေး နိုင်ပြီးတော့ ပြောင်းလဲ သင့်တာတွေကို ပါ ပြောင်းလဲ ညှိယူလို့ ရတယ်လေ။

နှစ်ပေါင်း များစွာ ကြာတဲ့ အချိန်မှာတော့ နောက်မျိုးဆက်တွေက ဒီစုဝေးမှုကို ' လက်ဖက်ရည်ဆိုင် ဆွေးနွေးပွဲ ယဥ်ကျေးမှု'' လို့ ခေါ်လာကြမှာ ပဲ ဖြစ်လေတယ်။

ထို လက်ဖက်ရည်ဆိုင် ဆွေးနွေးပွဲ ယဥ်ကျေးမှု ရဲ့ လွှမ်းမိုးမှု အောက်မှာ အရည်အချင်း ပြည့်ဝတဲ့ လူသိများတဲ့ သူတွေနဲ့ နိုင်ငံရေး သမားတွေက အချေအတင်စကားရည် လုပွဲတွေ ပေါ်ပေါက် လာခဲ့တယ်။ ထိုကဲ့သို့ ယဥ်ကျေးမှုက ကောင်းကျိူးတွေ ကိုပဲ ဖြစ်စေခဲ့တာ မလို့ ရှနိုင်ငံမှာ အကောင်းဆုံး ယဥ်ကျေးမှု အဖြစ် ရပ်တည် လာတော့တယ်။

သူတို့ သတင်းစာတိုက် ကို ရောက်တော့ ဦးလေးဝမ် က သူတို့ကို စောင့် နေကြပြီ ပဲဖြစ်လေတယ်။

သူက သတင်းစာတိုက်ကို စတည်ထောင်ဖို့ လုပ်တဲ့ အချိန်မှာတော့ သူက နောက်ပိုင်းမျိုးဆက်ရဲ့ စီမံခန့်ခွဲ မှု နည်းပညာတွေကို သင်ယူကာ အကြံတစ်ချို့ ယူလိုက်ပြီးတော့ လော်ရှောင်းနဲ့ တစ်ခြားသူတွေကို ပြောပြခဲ့တယ်လေ။

ဒီအချိန်မှာတော့ သူတို့ဆီမှာ လူတွေ အများကြီး လိုအပ်လေတယ်။ အနာဂတ်မှာ သတင်းစာ ကို ပိုပြီး ကျယ်ပြန့်အောင် လုပ်ချင်ရင် လူတွေ ပိုလို့တောင် စုဆောင်းရမှာ ပဲ ဖြစ်တယ်။ ချန်အန်းမြို့ရဲ့ လွှမ်းမိုးမှုကြောင့် အနီးနားမှာ ရှိတဲ့ မြို့တွေနဲ့ ၊ ရွာတွေက သတင်းစာ ဆိုတဲ့ ပစ္စည်းအသစ် ကို တ​ဖြေးဖြေး လက်ခံ လာကြ ပြီပဲ ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Onde histórias criam vida. Descubra agora