အပိုင်း (41. 2)

5K 645 13
                                    

(41. 2)

လော်ရှောင်းက လူတွေ ဆူညံနေတာ ကို ကြည့်ပြီးတော့ ခေါင်းတောင် ကိုက်လာတယ်။ ဒါက ' ရေတပ် ' ဆိုတဲ့ ဟာ ဝယ်လိုက်လို့ ဖြစ်လာတာ မျိုးလားကွာ။

( အရှေ့ပိုင်းမှာ မှားပြန်မိခဲ့လို့ တောင်းပန်ပါတယ်)

'' ကောင်းပြီ!  မနက်ဖြန် ကျရင် နောက်ထပ် အစောင် ၃၀၀၀ ကို ကူးပြီးတော့ ပုံနှိပ် ထုတ်ဝေ ပေးမယ်။ အော်ခေါ်နေတာကို ရပ်လိုက်ကြတော့! ' အနောက်ရပ်သို့ ခရီးသွားခြင်း ' ကတော့ နောက် ၇ ရက်ထိ စောင့်ရမှာပဲနော်! ''

လော်ရှောင်း က မြန်မြန်ပဲ ထို လူအုပ်ကြီးရဲ့ အရှေ့ ကနေ ကွယ်ပျောက် ထွက်ခွာ သွားတော့တယ်။

အဲ့နေ့မှာပဲ လော်ရှောင်းက ကျန်းဂျင်ရဲ့ အိမ်ကို သွားပြီးတော့ ကျန်းဂျင်ကို စောဒက တက်တော့တယ်။

'' ဒီနေရာမှာ ' ရေတပ် ' ဝယ်မိတာက အရမ်းကို စွမ်းအား ပြင်းလွန်းတာ ပဲကွ ! ငါတို့ ' ရှောင်းဇီယန့် ' တောင် ဆိုင်လေး ဖွင့်လို့ မရလုနီးပါးပဲ! ''

ကျန်းဂျင်က တစ်ခစ်ခစ် ရယ်လိုက်တယ်။

'' ငါက အနာဂတ်မှာ ဒီလို ဖြစ်လာမယ် ဆိုတာကို ကြိုတင် မှန်းဆပြီးသား။ ဒါက ကိစ္စကြီး မဟုတ်သေးဘူးနော်။ ဒါက ငါတို့ရဲ့ သတင်းစာကို အခုမှ စတင်ပြီးတော့ ထုတ်ဝေရတာလေ။ ဒါကြောင့် စျေးထဲနဲ့ စာသင်သားတွေ ဆီမှာ ဆွေးနွေးမှုတွေ ပိုပြီး အရှိန်မြင့် လာအောင် ငါတို့ ဆက်ပြီး နှိုးဆော် ခဲ့တယ်။ ဒါကြောင့်လဲ မဝယ်ရသေးတဲ့ သူတွေက ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သိဖို့ စိတ်အား ထက်သန်နေတာကို ထူဆန်းတယ် လို့ငါတော့ မထင်ဘူး။ ''

'' ရှိသေးတယ် ဘာတဲ့!  အနောက်ရပ်သို့ ခရီးသွားခြင်း ကိုလည်း ပိုပြီးတော့ ဖော်ပြပေးပါတဲ့လေ။ သူတို့တွေ ကျုံးအော် လွန်းလို့ ငါ့နားတွေတောင် ကန်းလုနီးပါးပဲ! အဲ့ ဝယ်သူ အဟောင်းတွေက ငါ့ကို နေ့တိုင်း လာရှာလွန်းလို့ ဒီရက်တွေ ထဲမှာ ငါမင်းဆီ ကိုလာပြီး ရှောင်ပုန်း နေရမှာပဲ ''

'' မင်းရဲ့ အလုပ်ကြိုးစား မှု အတွက် အရမ်း ကျေးဇူးတင်ပါတယ် နော်! ''

ကျန်းဂျင်က  အစာစားရတာ မဆိုးသော်လည်း စိတ်ကျေနပ်မှု မရှိခဲ့ကာ  ယားယံ ပြီးတော့ မနေနိုင် မထိုင်နိုင် ဖြစ်နေမိတဲ့ ခံစားချက်ကို သိလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now