အပိုင်း (57. 2)

2.5K 363 3
                                    

(57. 2)

'' ဟမ် ခများက ဘာဖြစ်လို့ ဒီလို ပြောနိုင်ရတာလဲ ''

''အဲ့ ကလေးက သူကြိုက်တဲ့ တစ်စုံတစ်ယောက် ကို ရှာတွေ့ သွားပြီလေ''

'' တကယ်ကြီး လား ။ ပြောရရင်လည်း ယွမ်ပေါ် က အိမ်ထောင် ပြုသင့်တဲ့ အသက်အရွယ် လည်း ရောက်နေပြီလေ။ ဒါနဲ့ ဘယ်သူ့သားတဲ့လဲ?''

''ကိုယ်တို့ ဆိုင်ရှေ့မှာ အစားသောက် ယာယီဆိုင်( တွန်းလှည်းလိုမျိုး ) ဖွင့်ထားတဲ့ ဦးလေး ဝမ် ဆိုတဲ့ သူကို မင်းမှတ်မိလား? ယွမ်ပေါ်က အဲ့ ဦးလေးရဲ့ သားကို စိတ်ဝင်စားနေတာ လေ''

ယွမ်ကျယ် က လွဲလို့ တစ်ခြားသူတွေ အကုန်လုံးက ဦးလေးဝမ် ရဲ့ သားအပေါ် အမြင်တစ်ချို့ ဆီ ရှိကြလေတယ်။

သူတို့ အသီးဝိုင်ဆိုင် ဖွင့်တဲ့ ပထမဆုံး ရက်မှာ နေ့လည်စာကို ဦးလေးဝမ် တို့ဆီကနေ မှာစားခဲ့ကြတယ်လေ။ ဦးလေးဝမ်ရဲ့ သားက အရမ်းရှက်တက်ပြီးတော့ စကားအများကြီး မပြောပေမယ့် ယာယီဆိုင်လေး တစ်ခုလုံးကို သူကပဲ ထောက်ကန်ကိုင်တွယ် ပေးထားတာပဲ ဖြစ်လေတယ်။

ဦးလေးဝမ်ရဲ့ ခြေတွေ လက်တွေက အနည်းငယ် မကျန်းမာတာကြောင့် သူက ပန်းကန်သယ်တာနဲ့ ပန်းကန်ဆေးတဲ့ အလုပ်တွေပဲ လုပ်နိုင်တယ်လေ။ ချက်ပြုတ်တာတွေ အကုန်လုံး ကို သူ့သားကိုပဲ လက်လွဲပေးထားခဲ့တယ်။

သူတို့ဆိုင်ချင်းက နီးကပ်နေတဲ့ အတွက်ကြောင့် အချိန်ကုန် သက်သာစေဖို့ရာ ယွမ်ပေါ် က များသောအား​ဖြင့် ထိုဆိုင်လေးမှာပဲ အစားအသောက် ပြဿနာကို ဖြေရှင်းလေ့ ရှိတယ်။ နောက်ထပ် တစ်ခြားအကြောင်း အရာ ကတော့ ထိုဆိုင်က အရသာက စားလို့ကောင်းပြီးတော့ စျေးနှုန်းလည်း သင့်တင့်တယ်လေ။

သေချာတာပေါ့ ဒီအချိန်လေးတွေ အတွင်းမှာပဲ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း သိလာကြ တော့တယ်။ ယွမ်ပေါ် ကအမြဲတမ်း လာစားတဲ့ ဖောက်သည် ဖြစ်တယ် ဆိုတာ သိသွားပြီးတဲ့နောက် ဝမ်ချင်း ဦးလေးဝမ်ရဲ့ သား လေးဟာ ယွမ်ပေါ်ကို အများကြီး ပိုထည့်ပေး လေ့ရှိတယ်။

ဒီလိုနည်းနဲ့ ပဲ ယွမ်ပေါ် က ဝမ်ချင်း လေးကို တဖြေးဖြေးနဲ့ ချစ်ကျွမ်းဝင် သွားတော့တယ်။ နောက်ဆုံးတစ်ခေါက် က မြို့ထဲကို ယွမ်ဟောင် သွားတဲ့အချိန် မတော်တဆ  ရှာတွေ့ခဲ့တာပဲ ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now