အပိုင်း (21)

8.2K 1.1K 34
                                    

(21) ကိုယ်ဝန်

ယွမ်ဟောင်နဲ့ ရွာလူကြီး တို့က နောက်နေ့မှာ မြေတိုင်းရုံးကို သွားကြပြီးတော့ အရောင်းအဝယ် ကိစ္စဆိုကြကာ ယွမ်ကျွမ်းကို လက်ထဲအရောက် ငွေတုံး ၃၀ ကို ပေးလိုက်လေတယ်။

သူလည်း အိမ်ပြန်ရောက် လာရော လယ်ကွက် ၃ ခုစာ ပိုင်ဆိုင်မှု စာချုပ် ကို ထုတ်ကာ ကျန်းဂျင်ဆီကို လက်လွဲပေးလိုက်ပြီး  လုံခြုံဖို့အတွက် သူစိတ်ရှိသလိုသာ သိမ်းခိုင်းထားလိုက် လေတယ်။

ကျန်းဂျင်ရဲ့ နှလုံးသားလေး က နွေးထွေးသွားကာ နောက်ပိုင်း မျိုးဆက်တွေရဲ့ လင်နဲ့မယား ကြားက ငြင်းခုံမှုတွေကို တွေးမိတော့ သူစိတ်ကျေနပ်သွားပြီး အနည်းငယ်လည်း ရှက်သွားခဲ့တယ်။

မြေယာပိုင် ဆိုင်မှု စာချုပ်ကို သိမ်းဆည်းပြီးတဲ့နောက် ကျန်းဂျင်က ယွမ်ဟောင်ကို သိမ်မွေ့စွာ နမ်းလိုက်လေတယ်။

ယွမ်ဟောင် က သူ့ကို ချစ်ပြီးတော့ ယုံကြည်ပေးတယ်။ ဒီတော့ သူကလည်း ယွမ်ဟောင် အပေါ်ကို ကောင်းမွန်စွာ မှီခိုပြီး အတူတူကြိုးစားရင်း သူတို့ ဘဝတွေ ဒီ့ထက်ပိုကောင်းအောင် ပိုပျော်ရွှင်အောင် လုပ်ရမယ်လို့ တွေးမိလေတယ်။

ကျန်းဂျင်က အစကတော့ သူကနွေဦး ရာသီအဝင်စမလို့ နေမကောင်းဖြစ်တာ လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် သူက နုံးခွေလာတယ်။ သူ မမျှော်လင့်မိတာက ထိုကဲ့သို့ပင်ပန်းမှုက နေ့စဥ်ရက်ဆက် လာတာကိုပဲ။ ပြီးတော့ ဘာအကြောင်းမှ မရှိပဲနဲ့ ပျို့အန်တာကလည်း မသက်သာလာပေ။

ယွမ်ဟောင်က အရမ်းကို စိတ်ပူလာတာကြောင့် ကျန်းဂျင်ရဲ့ ထင်မြင်ချက်တွေကို ခုခံကာ သမားတော်နဲ့ ပြဖို့လုပ်တော့တယ်။

'' ငါ တကယ်ကို နေလို့ကောင်း ပါတယ်။ ဆန်စေ့တွေက အဆင်သင့်ဖြစ်နေပြီ။ ငါ အဲ့တာတွေကို မကြာခင်မှာစိုက် ပျိုးတော့မှာလေ။ အရေးမပါတဲ့ ကိစ္စတွေကြောင့် လယ်စိုက်မှာကို နောက်ကျတာမျိုး မဖြစ်ချင်ဘူး ''

ကျန်းဂျင်က အကြံပြုလိုက်တယ်။

'' မရဘူး!  အခု သွားမယ် ''

ယွမ်ဟောင်က လုံးဝကို မယိမ်းယိုင် သွားပါပေ။

ကျန်းဂျင်က သူ့ကို ထပ်ပြီး မငြင်းနိုင်တော့ပဲ ကူကယ်ရာ မဲ့စွာနဲ့ သူ့ခေါင်းကို ငြိမ့်လိုက်ရတော့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now