အပိုင်း 46

4.8K 586 8
                                    

(46) ခရမ်းချဥ်သီး ဆော့စ်

ယွမ်ဟောင်ရဲ့ ဇာတ်ကြောင်းကို နားထောင် ပြီးတာနဲ့ ကျန်းဂျင်ရဲ့ မျက်လုံးတွေက စိုစွတ် လာခဲ့တယ်။ လူတိုင်းရဲ့ ဂရုစိုက်မှု အောက်မှာ ကြီးပြင်း လာခဲ့တဲ့ သူက ဒီနှစ်တွေထဲမှာ ဘယ်လို ရှင်သန် ခဲ့ရမလဲ ဆိုတာကို တော့ သူ စိတ်ကူးကြည့်လို့ မရခဲ့ပေ။ သူက ထိုအကြောင်းကို တွေးပြီး ပုံဖော်ကြည့်တာ နဲ့တင် ကျန်းဂျင် တစ်ယောက် စိတ်သောက ရောက်မှုကို ခံစားလိုက်ရတယ်။

'' ကိုယ့်ရဲ့ ရည်ရွယ်ချက်က မင်းရဲ့ မျက်ရည်တွေ မမြင်ရဖို့ပဲ ''

ယွမ်ဟောင်က ကျန်းဂျင်ကို သူ့ရဲ့ လက်ထဲမှာ ပွေ့ဖက်ထားကာ ပြောလိုက်တယ်။

'' မင်းက ကိုယ့်ဘေးနားမှာ တစ်ချိန်လုံး ပြုံးပြီး နေပေးရင် ပဲ  ရပါပြီ ''

'' ကောင်းပြီ...  ''

ကျန်းဂျင်က ခေါင်းငြိမ့် ပြလိုက်တယ်။

ထို အတိတ်က ဖြစ်ခဲ့တာ တွေ အကုန်လုံးက ပြီးဆုံး သွားခဲ့ပြီပဲလေ။ ပြီးတော့ သူတို့ အချင်းချင်း အခု ပျော်ပျော်ရွှင်ရွှင် နေနေ ကြပြီလေ။

'' ခဏလေး ''

ယွမ်ဟောင်က ကျန်းဂျင်ကို သူ့လက်မောင်းထဲကနေ လွတ်ပေးကာ အခန်း အပြင်ကို ထွက်သွားလိုက်တယ်။

ကျန်းဂျင် ကတော့ သူက ဘာကြောင့်များ ထပြီး ထွက်သွားရတာလဲ ဆိုတာ ကို မသိပေမယ့် ယွမ်ဟောင် ပြန်အလာကို အိပ်ယာပေါ်မှာ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်း နေခဲ့တယ်။

ခဏကြာတော့ ယွမ်ဟောင် ပြန်လာပြီးတော့ သူက တစ်ခုခု ယူလာကာ ကျန်းဂျင်ဘေးနား ဝင်ထိုင်ပြီး ထိုဟာကို ကျန်းဂျင် လက်ထဲကို ထည့်လိုက်လေတယ်။

'' ဒီဓား က မင်း နောင်ဆုံး တစ်ခေါက်က တွေ့ခဲ့တဲ့ ဓားပဲ။ ဒါကို ကိုယ်ထပ်ပြီး မထိချင်ပေမယ့် ဒါက မျိုးရိုးစဥ်ဆက် အလိုက် လက်ဆင့်ကမ်းလာရတဲ့ ကိုယ့်မိသားစုရဲ့ ရတနာဓားလေ။ ဒါကြောင့် ကိုယ်တို့ ကလေးလေး မမွေးခင် အထိ မင်းကပဲ ထိန်းသိမ်းပေးထား ပေါ့။ ကိုယ်တို့ သူ့ကို အမွေလွဲပေး ကြရအောင်လေ''

ကျန်းဂျင်က ဓားကို သေသေချာချာ ကြည့်လိုက်တယ်။ တစ်ချက် ကြည့်ရုံနဲ့တင် ထိုဓားက အရမ်းဟောင်း နေပြီ ဆိုတာ သိနိုင်လေတယ်။ ပြီးတော့ အချိန်အတော် ကြာ လက်ဆင့်ကမ်းလာတာ ကြောင့် ဓားလက်ကိုင်နဲ့ ဓားအိမ်က မဲနက်နေပေမယ့် ထိုပေါ်က ပုံစံတွေနဲ့ ထွင်းထုထားတဲ့ အကွေးအကောက် တွေကိုတော့ သေချာကြည့်ရင် မြင်ရပါသေးတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now