အပိုင်း (41. 1)

4.6K 586 3
                                    

(41. 1)

ထိုသတင်းစာ စပြီး ထုတ်ဝေတဲ့ အချိန်မှ စပြီးတော့ ချန်အန်း မြို့က လူတွေရဲ့ ပါးစပ်ဖျားမှာ ထိုသတင်းစာ အကြောင်း ဆွေးနွေးမှုတွေ အများကြီး က နှစ်ရက်အတွင်း အရှိန်တိုးမြင့်လာခဲ့လေတယ်။ လူတွေကပိုပိုပြီးတော့ သတင်းစာ ခေါင်းကြီးပိုင်းက သတင်းအကြောင်းတွေကို အာရုံ​စူးစိုက် လာခဲ့လေတယ်။ ပြီးတော့ တစိမ်းတွေ နဲ့တောင်မှ ထိုအကြောင်းတွေကို ဆွေးနွေး ​ပြောဆို လာကြတယ်။

ထိုထဲကမှ လော်ရှောင်းနဲ့ ကျန်းဂျင်တို့က သူတို့ရဲ့ လူထဲက ပို့ထားတဲ့ '' ရေတပ် '' သတင်သအကြောင်းကို ခေါင်းစီးပိုင်းမှာ ဖော်ပြထားလေတော့ လူတွေက ထိုသတင်းကို ပိုပြီးတော့ အာရုံ စိုက်လာခဲ့ကြလေတယ်။

'' မင်း ' ချန်အန်း အပတ်စဥ် ' ကို ဖတ်ဖြစ်လား?''

စားသောက်ဆိုင် တစ်ခုတွင် အသက် ၃၀ အရွယ်ရှိတဲ့ မီးခိုရောင်ဝတ်ထားတဲ့လူက သူ့ရဲ့ သူငယ်ချင်းကို မေးလိုက််တယ်။

'' ကြည့်လိုက် ။ ဒါက တကယ့်ကို ဝတ္ထုဆန်တာ ပဲကွ! ''

'' ကျွတ်စ်ကျွတ်စ် အဲ့ထဲမှာ ဝူကျားချွမ်ရဲ့ မုန်းတီးမှု ကြောင့် အနာတရ ဖြစ်အောင် လုပ်စေတဲ့ ကိစ္စကိုရော ဖက်မိသေးလား? ငါကြားတာတော့ အဲ့အပြစ်သားကို ဖမ်းမိတဲ့ အချိန်မှာ သူ့သားကို ဦးလေး ဖြစ်သူက ရောင်းထုတ် လုနီးပါးပဲ တဲ့ ''

'' အဲ့ လိုမျိုး ကိစ္စကလည်း တကယ်ကြီး ရှိနေသေးတယ် ပေါ့လေ။! ''

သူ့သူငယ်ချင်းက မျက်လုံး ပြူးသွားကာ မေးလိုက်တယ်။

'' အပြစ်သားရဲ့ ညီငယ်က အရမ်းကို လူမဆန် တာပဲ ကွ! ''

'' ညီကို ဘာတွေပြော နေကြတာလဲ ကွ! ''

တစ်စုံ တစ်ယောက် က သူတို့ရဲ့ စကားဝိုင်းကို ကြားတော့ ဝင်ပါလာခဲ့တယ်။

'' ငါ အဲ့သတင်းကို အခုမှ ကြားဘူးတာပဲ။ ဘယ်အပြစ်သား အကြောင်း ပြောနေကြတာလဲ? ''

'' ဟုတ်တယ်။ ဝူကျား ရွာမှာ ဝူတချန် ဆိုတဲ့ ရွာသား တစ်ယောက် ရှိတယ်။ သူက ကလေးတွေကို မနာလိုဒေါသ စိတ်နဲ့ ရိုက်နှက် ခဲ့တာ ကြောင့် ရုံးတော်က ဖမ်းခြင်း ခံလိုက်ရတာလေ။ သူ့ရဲ့ ကျန်ခဲ့တဲ့ သားကိုလည်း ဦးလေး ဖြစ်သူက တစ်ခြားဆီ ရောင်းလုနီးပါးပဲတဲ့ ''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now