အပိုင်း (55. 1)

3K 401 0
                                    

(55. 1) ဆိုင်လေး စဖွင့်ခြင်း

ကျန်းဂျင်က နောက်ဆုံးမှာတော့ လီမင်းယင်ရဲ့ လက်ရာကို မြည်းစမ်းလိုက်ရတော့တယ်။

လီမင်းယင်က ခရမ်းချဥ်သီးဆော့စ် လုပ်နည်းလေး ကို ဝယ်ပြီးတဲ့နောက် သူက ပါဝင်ပစ္စည်းတွေကို ရှာဖွေ သုတေသန လုပ်ပြီး တိုးတက်အောင် ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် အခုချိန်မှာ ဆော့စ်က ကျန်းဂျင်ရဲ့ ဟာထက် ပိုပြီးကောင်းမွန်နေကာ မွှေးရနံ နဲ့အရသာ က ပိုကောင်းလေတယ်။

နေ့လည်စာအဖြစ် သူက မုန့်အသစ် ၃ ခုကို တည်ခင်းကျွေးခဲ့ ပေမယ့် အဲ့အထဲမှာ ကျန်းဂျင် အကြိုက်ဆုံး က တော့ သူ့ပါးစပ်ထဲမှာ ပေါက်ကွဲထွက်လာတဲ့ မုန့်လေးပဲ ဖြစ်တယ်။ ထိုမုန့်ရဲ့ အတွင်းပိုင်းမှာ ခရမ်းချဥ် ဆော့စ် လေးတွေနဲ့ ပြည့်နေလေရဲ့။ သူအဲ့တာကို ကိုက်ချလိုက်တဲ့ အချိန်မှာ အထဲက အနီရောင် ဆော့စ်တွေက ပါးစပ်ထဲ ယိုစိမ့်လာကာ ချိုချိုချဥ်ချဥ် လေးကို ခံစားရတယ်။

ပြီးတော့ အပြင်ဘက် အလွှာက ကြွပ်ရွနေပေမယ့် အတွင်းအလွှာ ကတော့ အလွန့်ကို မွှေးပျံအိစက်နေခဲ့တယ်လေ။ အရသာကတော့ သေလောက်အောင် ကောင်းနေတယ်လေ။

တစ်ချိန်တည်း နဲ့တင် ထိုမုန့်မျိုးကို ၁၀ ကီလိုဂရမ် ဝယ်ယူခဲ့လေတယ်။ လူတိုင်းက အရမ်းအလုပ်ရှုပ် နေတာကြောင့် အပြင်ထွက်လို့ မလွယ်ကူဘူးလေ။ သူက မုန့်တွေ အများကြီး ပြန်ဝယ်သွား ပေးပြီးတော့ သူတို့ကို ပြုစုပေး ရတော့မှာပေါ့။

ယွမ်ကျယ် ကလည်း ဒီလို အချိုပွဲကို အရမ်း သဘောကျတယ်လေ။ ထပ်ပေါင်းပြောရရင် လီမင်းယင် လုပ်တဲ့ ခရမ်းချဥ်ဆော့စ် က ပိုပြီးတော့တောင် ကောင်းတဲ့ အတွက် ကျန်းဂျင်က လော်ရှောင်းဆီမှ အများအပြား ပြန်ဝယ်ယူ ခဲ့တယ်။

'' ဒီခရမ်းချဥ် သီးဆော့ အပေါ်ကို တုံ့ပြန်တဲ့ ဟာတွေကို မမျှော်လင့်ထားပဲ အတော့်ကို ကောင်းနေတယ်လေ။ နောက်နှစ်ကျရင် ငါနဲ့ လီမင်းယင်က ဆင်ခြေဖုံး မြောက်ပိုင်းက ကုန်းမြေတွေ ဝယ်ပြီးတော့ ခရမ်းချဥ် ပင်တွေ စိုက်ဖို့ စီစဥ်ထားတယ်လေ ''

လော်ရှောင်းက သွမ့်ဇီလေးကို အဝတ်နဲ့ ပြန်ထုတ်ကာ ပွေ့ပြီးတော့ သူတို့အစီအစဥ် အကြောင်းကို ကျန်းဂျင်အား ပြောပြနေခဲ့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now