အပိုင်း (48.1)

4.1K 522 9
                                    

(48.1) လပြည့်မင်္ဂလာ

ယွမ်ဟောင်က ကလေးလေး မွေးပြီး သွားတဲ့ နောက်မှာ အနီရောင် ကြက်ဥတွေနဲ့ ဝိုင်အပျော့စားကို ယူပြီးတော့ မားမားကျန်းကို သတင်း ကောင်း  သွားပို့ ရင်းပေးဖို့ ယွမ်ကျန်းအား ခိုင်းလိုက်လေတယ်။ သူ့မှာ ဆွေမျိုးဆိုလို့ တစ်ယောက်မှ မရှိပေ။ မေမေကျန်း ကသာ ဒီနှစ်တွေမှာ သူ့ကို ကျွေးမွေးပြီးတော့ သေချာဂရုစိုက်ပေး ခဲ့လေတယ်။

ယွမ်ဟောင်ရဲ့ နှလုံးသားထဲမှာ မေမေကျန်း က အကြီးတစ်​ယောက် ဖြစ်လာ ခဲ့ပြီးတော့ ဘယ်သူမှ ထိုနေရာကို အစားထိုးလို့ မရတော့ပါပေ။

သေချာတာပေါ့ လော်ရှောင်းနဲ့ လီမင်းယင် ဆီကိုလည်း ပို့ခဲ့ပေးသေးတယ်။ သူ့မှာ မိတ်ဆွေက အနည်းငယ် သာရှိပြီးတော့ သူတို့တွေကလည်း ကျန်းဂျင်နဲ့ ခင်မင်နေတယ်လေ။ ဒါကြောင့် သူက လော်ရှောင်းနဲ့ လီမင်းယင် တို့ နဲ့ နီးစပ်တာပေါ့လေ။

သူတို့က သူ့အတွက်တော့ စီးပွားရေး လုပ်ဖော် ကိုင်ဖက် အဖြစ်တင် မကပေ။ ကောင်းမွန်တဲ့ မိတ်ဆွေ အပေါင်းအဖော်တွေ လည်း ဖြစ်လေတယ်။

ထိုသတင်းကြားလို့ မေမေကျန်းက သူ့မျက်နှာပေါ်မှာ အပြုံးလေးနဲ့ အတူ ကျန်းဂျင်နဲ့ ကလေးဆီကို လာလည်ကာ  ကြက်တစ်ကောင်ကို လက်မှာကိုင်ပြီးတော့ ကျန်တစ်ဖက်မှာ ခေါက်ဆွဲတွေနဲ့ ကလေးအဝတ်တွေ သယ်လာခဲ့တယ်။

'' ယို့!  ကလေးလေး က အရမ်းကို သန်မာတာပဲ!  သူ့ရဲ့ ခြေသလုံးအားလေးကို ကြည့်လိုက်စမ်းပါ!  သူက အနာဂတ်မှာ အရပ်ရှည်ပြီး သန်မာတဲ့ သူ ဖြစ်လာမှာ! ''

မေမေကျန်းက ကလေးလေးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လက်နှစ်ဖက်အပြည့် ချီပွေ့လိုက်ကာ တင်းတင်းလေး ဖက်ထားလိုက်တယ်။

အခုချိန်က မိုးခေါင်နေတဲ့ အချိန်ဖြစ်လို့ အပူချိန်ကြောင့် ကလေးလေး မသက်မသာ ဖြစ်မှာ စိုးတဲ့ အတွက် ကျန်းဂျင်က ကလေးလေးကို အဝတ်အစားတွေ အများကြီး မဝတ်ပေးထား ခဲ့ပါပေ။

မေမေကျန်းက သူ့ကိုကောက်ပွေ့ လိုက်တဲ့ အချိန်မှာတော့ သူလေးက ခြေထောက်လေးနဲ့ မသိလိုက်ပါပဲနဲ့ ကန်ထုတ်လိုက်မိတယ်။ သူ့ရဲ့ ပန်းရောင်သန်းပြီး နူးညံ့တဲ့ ပါးစပ်လေးကို ဟပြီးတော့ ပြန်အိပ်ပျော်သွားလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now