အပိုင်း (42. 2)

4.7K 619 6
                                    

(42. 2)

သူတို့က ထိခိုက် ပျက်စီးတဲ့ နေရာကို ရောက်တဲ့ အချိန်မှာတော့ ယွမ်ကျန်းက ယွမ်ဟောင်ကို ညွှန်ပြလိုက်နယ်။

'' သခင် ဒီနေရာမှာပဲ! ''

ထို ပိုက်ကွန် စည်းရိုးက လယ်ကွင်းထံက ငါးတွေ အပြင်ကို ထွက်မသွား စေဖို့ရာ တားဆီးထားတာ ဖြစ်ပြီးတော့ အခုတော့ ထိုနေရာက လူတစ်ယောက်မှ လက်နဲ့ ဆွဲဖြဲ ထားသလို ဖြစ်နေပြီးတော့ ငါးတွေ ခိုးဖို့ လုပ်ထားတယ် ဆိုတာကို တွေ့ခဲ့ ရလေတယ်။ သိသိသာသာကြီးက်ို လူက တိုက်ခိုက်မှု လုပ်ထားတာပဲ။

ပြီးတော့ ထိုနေရာမှာ ဆွဲထုတ်ထားတဲ့ ဖိနပ်အရာကြီး ရှိပြီးတော့ စပါးကောက့ပင်တွေကိုလည်း တက်နင်း ထားတာကို တွေ့ရလေတယ်။ အစကတည်းက ယွမ်ဟောင်ဟာ သူကိုယ်တိုင် ထိုငါးတွေကို မွေးမြူရတာကြောင့် ဒါတွေကို တန်ဖိုးထားလေတယ်။ ဒါကြောင့်မလ်ို့ သူက ဒီနေရာကို နေ့တိုင်း လာပြီးတော့ ဘာတွေ ဖြစ်သလဲ မဖြစ်သလဲ ဆိုတာတွေကို လေ့လာလေ့ ရှိတယ်။ ဒါကြောင့် ငါးတွေရဲ့ အရေအတွက်ကို သေချာ သိလေတယ်။

သေချာ ကြည့်အပြီးမှာတော့ သိပ်သည်းနေတဲ့ ငါးတွေက ချောင်နေတာကို တွေ့လိုက်ရတယ်။ ယွမ်ဟောင်က ဘာမှ မပြောတာကို တွေ့တော့ ယွမ်ကျန်းက သူ့ကိုယ်သူ အပြစ်တင်လိုက်တယ်။

''သခင်!  ဒါတွေ အကုန်လုံးက ငါ့အမှားတွေပါ!  မင်းက ငါ့က်ို လယ်တွေ အကုန်အပ်ခဲ့ပေမယ့် ငါကတော့ သေချာ မကြည့်နိုင်ခဲ့ဘူး! ''

'' ဒါက မင်းရဲ့ ပြဿနာ မဟုတ်ဘူး။ ကောင်းပြီ။ ပြန်ကြစို့ ''

'' ဟမ် ! သခင်! ''

ယွမ်ဟောင်က ဒါကို အခုဒီအတိုင်း ကျော်သွားတာကို ယွမ်ကျန်းကတော့ လုံးဝကို မယုံနိုင်ပါပေ။

'' မင်းက ငါပြောသမျှကိုပဲ လုပ်ပေးခဲ့တာပဲလေ။ အတိတ်က ငါပြောတဲ့အတိုင်း လုပ်ပေးတယ်။ နောက်ကျရင်လည်း ငါ​ပြောတဲ့ အတိုင်း လုပ်ရင် ရပြီ ''

ယွမ်ဟောင်က ယွမ်ကျန်းကို ညွှန်ကြားလိုက်တယ်။

'' အာ!  အို့?  ကောင်းပါပြီ ''

သူက ယွမ်ဟောင်ရဲ့ သဘောထားကို နားမလည်ပေမယ့် ယွမ်ကျန်းကတော့ သူ့သခင်ပြောသမျှ အမိန့်တိုင်းကို နာခံ မှာပဲ ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now