အပိုင်း (48.2)

3.9K 550 6
                                    

(48. 2)

ဒါ့အပြင် မေမေကျန်းရဲ့ နောက်မှာ ရှိတဲ့ မိသားစု အရေအတွက်က ကြီးတယ်။ သူ့မှာချွေးမ နှစ်ယောက် ရှိတဲ့ အတွက်ကြောင့် သူ့အပြုအမူတွေက အိမ်မှာဆိုရင် အမြဲတမ်း တင်းကြပ်ထားရလေ့ ရှိတယ်။ ဒါကြောင့် အခုလို စိတ်လွတ်ကိုယ်လွတ် ချီးကျူးနေတဲ့ အချိန်မှာ ယွမ်ဟောင်တို့ ၊ ကျန်းဂျင် တို့က သူအနေရခတ်အောင် မလုပ်တော့ပါပေ။ ဒီလို စိတ်လွတ်ကိုယ်လွတ် နေတာက မေမေကျန်းက သူတို့အပေါ်မှာ ဆွေမျိုး သားချင်းတွေ လို့သဘောထားနေ ဆဲ မလို့ပဲကြောင့်လေ။

''အ လိုက်တဲ့ ကလေး ။ ဘယ်လိုလုပ် ကျေးဇူးတင်နေရတာလဲ? ''

မေမေကျန်းက စိတ်ဆိုးချင်ယောင် ဆောင်လိုက်တယ်။

'' ကလေးမွေးပေး တာကမှ အရမ်း အရေးကြီးတဲ့ ကိစ္စလေ။ အဝတ်အစားလေး က မိဘအိမ်က ပေးတာဟာ ဘာမှ မပြောပ လောက်ပါဘူး။ ''

ကျန်းဂျင်က ဘာမှဆက်မပြောတော့ပဲ သူ့ရဲ့စိတ်ရင်း ကောင်းမှုကို စိတ်ထဲမှာပဲ ထားလိုက်တော့တယ်။

............

လတစ်ဝက်လောက် ကြာပြီးတဲ့နောက် ကျန်းဂျင်က သူ့ကိုယ်သူ လုံးဝ ပြန်ကောင်းသွားပြီလို့ ယုံကြည်လေတယ်။ ကောင်းကောင်းနားပြီးတော့ ကောင်သွားပြီလို့ ထင်လေတယ်။ ဒါကြောင့် မက်တပ်ရပ်ပြီး ၂ ခါလောက်ကို ပတ်လည် လှည့်ပြခဲ့သေးတယ်။

ယွမ်ဇဲရွှမ်းရဲ့ တစ်လပြည့်ကို ရောက်တဲ့အချိန်မှာ ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က အချင်းချင်း ဆွေးနွေးခဲ့ကြတယ်။ ပြီးတော့ လပြည့်မွေးနေ့ပွဲ လုပ်တာ အကောင်းဆုံးလို့ တွေးမိကြတယ်လေ။ ဘာလို့လဲ ဆိုတော့ ဒီကလေးလေး က သူတို့ရဲ့ ပထမဆုံး ကလေးလေး လေ။
တကယ်လို့ သူ့မွေးနေ့ပွဲကိုသာ ရိုးရိုးလေးပဲ လုပ်ပေးလိုက်မယ် ဆိုရင် ကလေးလေးက ဆိုးဝါးစွာ ဆက်ဆံတယ်လို့ ထင်သွားနိုင်တယ်လေ။

ဘယ်လိုပဲ ဖြစ်ဖြစ်လေ ဒီနေရာမှာ သူတို့နဲ့ ခင်မင်တဲ့ သူတွေ အနည်းငယ် ရှိနေတာပဲလေ။ ထိုသူတွေကို ဖိတ်လိုက်လို့ ရနေတာပဲလေ။ ပြီးတော့ လည်း ဇဲရွှမ်းလေးရဲ့ မွေးနေ့မှာ ရွာထဲကို အလှုမဏ္ဏပ်လေး ဆောက်ပြီးတော့ တစ်ရွာလုံးကို ကျွေးလို့ ရနေတာပဲလေ။ သူတို့မှာက ပိုက်ဆံတွေ ပြက်လပ်နေတာမှ မဟုတ်တာလေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now