Episode - 26(Unicode)

7.9K 487 72
                                    

      စစ်ကိုင်းမှမုံရွာသို့ပြန်ရောက်သည့်ညတွင် ခရီးပန်းလာ၍ တန်းအိပ်မည်ဟုတွေးထားသဖြင့် ရေမိုးချိုးကာလုပ်စရာရှိသည်များကိုလုပ်ပြီးနောက် အိပ်ရာပေါ်လှဲအိပ်လိုက်သည်။လှဲအိပ်လိုက်သည့်အခါတန်းအိပ်မည့်အတွေးမှာဖျောက်ကနဲ‌ပျောက်သွားကာ စိတ်အာရုံမှာတစ်ခြားဘက်သို့ကူးပြောင်းသွားပြန်သည်။ထိုအာရုံထဲတွင် သူငယ်ချင်းများ၏အကြံပေးစကားများ ဝေ့ဝဲနေခဲ့သည်။မိမိတို့နှစ်ဦးပြဿနာဖြစ်ကာ စကားများခဲ့သည့်ညကိုပြန်စဉ်းစားမိသည်။

       ထိုညတွင်မိမိကိုယ်တိုင်ဒေါသစိတ်နှင့်ခံပြင်းစိတ်ကြောင့်အခြေအနေကိုသေချာမစူးစမ်းခဲ့မိပဲ ဒေါသအလျောက်တုံ့ပြန်ခဲ့သည်။ကံတရားသည်လည်း အမှန်တရားကိုမမြင်နိုင်လောက်အောင်ပိရိစွာဖုံးကွယ်ထားသည်။တေးသူမစကားများကိုအဟုတ်ထင်ကာ မုန်းတီးမိသည်။နာကျည်းဒေါသထွက်သည်။နာကျည်းသွားသည့်စိတ်သည် နောင်ဘယ်သောအခါမှမျက်နှာချင်းမဆိုင်နိုင်တော့သည်အထိဖြစ်သည်။တေးသူငယ်ချင်းများ၏စကားသည် အမှန်ဖြစ်နေခဲ့မည်ဆိုလျှင် တေးဘာဆက်လုပ်ရမည်၊ဘယ်လိုဖြေရှင်းရမည်ကို ဆက်၍တွေးနေမိပြန်သည်။ယခုတစ်ကြိမ်တွင် တေးစိတ်ရင်းကိုအခြေခံပြီး ဆုံးဖြတ်ချက်ချရမည်။

        တေးသည်လည်းကွဲကွာခဲ့သည့်ကာလများတွင် မေ့နိုင်အောင်ကြိုးစားခဲ့သော်လည်းသတိရမြဲပင်။အစွဲအလမ်းကြီး၍ တိုက်ဆိုင်သည့်အခါများရှိခဲ့လျှင် သတိရမိပြီးလွမ်းဆွတ်ရသည်။အနားနားတွင်မရှိနိုင်သည့်သူကို တမ်းတစိတ်ဖြင့် မြင်‌ယောင်ရသည်။အလုပ်ထဲသို့စိတ်နှစ်ထားသော်လည်း ည၏အိပ်စက်ချိန်များသို့ရောက်သွားသည့်အခါတိုင်း အိပ်မက်တို့တွင်သူမအမြဲပါတတ်သည်။ပြင်ပလောကတွင်မဖြစ်နိုင်သောတွေ့ဆုံမှုများကို မသိစိတ်တွင်အခန်းငယ်လေးတစ်ခုသဖွယ်ဖန်တီးကာ အိပ်မက်ဟူ၍ဖြစ်လာရသည်။ဒီဇာတ်လမ်း၌ မည်သူကမှားသည် မည်သူကမှန်သည်ကိုမတွေးချင်တော့ပါ။အမှန်တရားသိရပြီး နှစ်ယောက်စလုံး၏ စိတ်ရင်းမှန်ကိုသာသိချင်တော့သည်။

        သို့ဖြစ်၍ တေးကျောင်းသို့ပြန်ရောက်ပြီးနောက်တွင် သူမဆီသို့ပြန်လည်ဆက်သွယ်ခဲ့သည်။ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ ‌ကျောင်းချိန်ပြင်ပဖြစ်သည့်အချိန် ညပိုင်းတွင်သူမ၏အရင်ဖုန်းနံပါတ်လေးကိုဆက်လိုက်သည်။ဖုန်းပြောင်းထားခဲ့‌‌သော်လည်းခုထက်ထိမှတ်မိနေသော နံပါတ်အချို့ကို ဖုန်း screenပေါ်သို့နှိပ်လိုက်သည်။ထို့နောက်နားနားကိုဖုန်းကပ်ကာ ဖုန်းအ၀င်သံလေးကိုစောင့်နေသည်။တီ....ဟူသောအသံငါးခါမြည်ပြီးနောက် အသံတစ်ခုတေးကြားလိုက်သည်။

The sign of heart(Completed)Onde histórias criam vida. Descubra agora