Episode - 20(Unicode)

5.8K 408 23
                                    

        ကတောက်ကဆလေးတစ်ခုမှစတင်ခဲ့သောအချစ်ဇာတ်လမ်းလေးတစ်ခုမှာ ယခုအခါကျောင်းတွင်းအချစ်ဇာတ်လမ်းလေးသဖွယ်ပြောင်းလဲလာခဲ့သည်။မျက်နှာထားမာမာထန်ထန်နှင့်အေးစက်စက်နိုင်လှသော ဒေါ်ကြာညိုသည် ချစ်ခြင်း၏ခေါ်ဆောင်ရာနောက်ကိုလိုက်ခဲ့သည်။တစ်သက်နှင့်တစ်ကိုယ်အချစ်ကိုအယုံအကြည်မရှိခဲ့သောတေးလိပ်ပြာလည်း အချစ်၏ကျေးကျွန်ဖြစ်ခဲ့သည်။

    လောကကြီးကဆန်းကြယ်သည်ထက် လူတို့၏စိတ်သဘောထားများကပို၍ဆန်းကြယ်သည်ဟု ထပ်ဆင့်မှတ်ချက်ပြုရမည်။လေးဆယ်ကျော်ငါးဆယ်နီးဆရာမတစ်ယောက်၏ ဒုတိမြောက်ရင်ခုန်သံနှင့်နောက်ဆုံးအချစ်ကို တေးလိပ်ပြာဆိုသော ဆယ်ကျော်သက်အရွယ်ကလေးကသိမ်းပိုက်သွားသည်။အသက်အရွယ်ပိုင်းခြားခြင်း၊လိင်ခွဲခြားခြင်းတို့ကိုကျော်ဖြတ်ကာ ချစ်ခြင်းဟူသောသင်္ကေတလေးကိုဖန်ဆင်းခဲ့ကြလေသည်။

   
           နှစ်အတော်ကြာကျောင်းသွားတိုင်း သာမန်ဆရာမဟူသောတာ၀န်အတွက်သာ အလုပ်သွားခဲ့သော်လည်း တေး၏သက်ဆိုင်သူဖြစ်သွားသည့်နောက်တွင် ဒေါ်ကြာညိုအတွက်ပို၍ အဓိပ္ပာယ်ရှိလာခဲ့လေသည်။သူခိုးချစ်နှင့်အများအမြင်‌တွင်မသိသာစေရန်နေရသော်လည်း ထိုသို့နေရသည်ကကို သူမအတွက်စိတ်လှုပ်ရှားစရာဖြစ်နေသည်။မနက်ခင်းအတန်းချိန်ရောက်လျှင် မိမိအားပြုံးပြနေသည့် တေးငယ်မျက်နှာလေးကိုမြင်ရသည်။တေးငယ်မျက်နှာလေးကိုတွေ့လျှင် မိမိအတွက်မနက်ခင်းတစ်ခုဖြတ်သန်းရန် အားအင်လေးများရလာခဲ့သည်။ဤအရာကား အချစ်စွမ်းအားဖြစ်မည်ဟုထင်မိပါသည်။

        ထိုနည်းတူတေးအနေဖြင့်လည်း အိမ်တွင်းရေးပြဿနာပူ‌လောင်မှုများကြားမှသူမသည် တေးအတွက် စိတ်ငြိမ်းချမ်းမှုပေးရာ တစ်ခုတည်းသောအိုအေစစ်လေးဖြစ်သဖြင့် နေ့တိုင်းကြည့်၍မ၀နိုင်ပါ။စဉ်းစားချင့်ချိန်စရာများလှသည့်အထဲမှ တေးကိုချစ်ပေးသည်။ကြင်နာမှုပေးခဲ့သည့် ထိုအမျိုးသမီးကြီးကိုကျေးဇူးတင်၍မဆုံး။ညအိပ်ရာ၀င်တိုင်း ထိုအမျိုးသမီးကြီးအကြောင်းမတွေးပဲအိပ်ခဲ့သည့်နေ့ဆိုသည်မှာမရှိတော့ပါ။နေ့ရောညပါ နှလုံးသားနှင့်ဦးနှောက်တွင် ထိုအမျိုးသမီးကြီးသာရှိသည်။တေးတို့ချစ်သူဖြစ်သွားသည့်အကြောင်းမှာ တေးတို့အဖွဲ့နှင့်ဒေါ်ရည်မွန်မှလွဲ၍ ကျန်သူများမသိကြပါ။သိအောင်လည်းမနေခဲ့‌ ပေ။အနေအထိုင်အလွန်ဆင်ခြင်ခဲ့ကြပါသည်။လူမမြင်ကွယ်ရာတွင် ထိုသူနှစ်ဦး၏သီးခြားနိဗ္ဗာန်ဘုံလေးကိုတည်ဆောက်လေ့ရှိကြသည်။ကျောင်းဖွင့်ရက်များတွင် တေး၏ဂျီကျမှုကြောင့်ညဘက်ဖုန်းပြောပေးရသည်။သို့သော် ဒေါ်ကြာညိုတေးကိုတစ်ချက်လေးမှမငြိုငြင်ပဲလိုက်လျောသည်။တေးက လူငယ်ဖြစ်၍ ဆိုးချင်နွဲ့ချင်သည့်အခါ ဖုန်းပြောရင်း ချော့ရပြန်သည်။

The sign of heart(Completed)Donde viven las historias. Descúbrelo ahora