Episode - 10(Unicode)

5.4K 450 48
                                    

        ကျောင်းတက်လာသည့်ရက်များမှာ တစ်စတစ်စကုန်ဆုံးလာရာ ပထမနှစ်၀က်စာမေးပွဲကာလအနားသို့ဆိုက်ရောက်လာခဲ့သည်။အပြိုင်အဆိုင်ဂုဏ်ထူးတန်း၀င်ရန်ကြိုးစားနေသူများနှင့်အောင်လျှင်တော်ပြီဟူသည့် ကိုရောင့်ရဲ မရောင်ရဲ့များရှိသကဲ့သို့ စာမေးပွဲနီးသော်လည်းအတန်းလစ်ပျော်ပါးကောင်းနေသောကိုရွှင်ပျော် မရွှင်ပျော်တို့လည်းရှိသည်။တေးသည်မည်သည့်အုပ်စုတွင်မှမပါပဲစာပုံမှန်လုပ်ကာ တစ်နှစ်တစ်တန်းအောင်ဖို့သာအာရုံထားသူဖြစ်သည်။တေးနှင့်အတူမြတ်နိုးကလည်းစာမေးပွဲနားကပ်နေ၍ဘဲနှင့်အလည်အပတ်လျော့ကာ စာထဲကိုအာရုံနှစ်ထားပုံရသည်။ကျန်နှစ်ယောက်မှာ စာကိုတေးနှင့်မြတ်နိုးထက်အသည်းအသန်လုပ်နေကြလေသည်။စာမေးပွဲနီး၍အခန်းထဲလူသိပ်မရှိပဲ အချို့သည်လည်းအိမ်တွင်စာလုပ်ကြရာ အတန်းမှာ‌အနည်းငယ်တိတ်ဆိတ်သည်။

       သူငယ်ချင်းများစာစုလုပ်ကြရင်းတေးအညောင်းမိသလိုဖြစ်၍အခန်းပြင်ထွက်ရန် ကျန်လူများအားအဖော်ညှိလေရာ -

"ဟဲ့ ငါနှစ်နာရီလောက်ဆက်တိုက်စာလုပ်တော့ငိုက်ချင်သလိုညောင်းချင်သလိုဖြစ်လာတယ်"
(တေး)

"ငါနဲ့အခန်းပြင်ခဏလိုက်ခဲ့ကြစမ်းပါ ဆင်၀င်နားကလှေကားမှာသွားထိုင်ရအောင်"
(တေး)

"အေးငါလည်း‌Q၀င်ချင်စိတ်နဲ့သာလုပ်နေတာ စိတ်ကသိပ်မပါချင်ဘူး"
(နေနေ)

"သိမ်မွေ့နင်ရောလိုက်ဦးမလား"
(တေး)

"လိုက်မှာပေါ့ ငါလည်းငြီးစိစိမို့ အပြင်မှာလေကောင်းလေသန့်ရှုရင်းစာကြည့်ဖို့စာအုပ်ယူခဲ့မယ်"
(သိမ်မွေ့)

"ဘဲချစ်ခင် လိုက်မလား"
(တေး)

"လိုက်မယ်လေ ငါတစ်ယောက်တည်းအခန်းထဲမနေခဲ့ပါဘူး"
(မြတ်နိုး)

              သူငယ်ချင်း‌လေးယောက်မှာအညောင်းအညာပြေကာ လေကောင်းလေသန့်ရှုရန်အဆောင်အပြင်ထွက်လာလေသည်။ဆိုင်ကယ်များကားများရပ်နားရန်လုပ်ပေးထားသည့်ဆင်၀င်နားတွင်လှေကားထစ်များရှိရာ အခန်းနှင့်အနီးဆုံးလှေကားထစ်နားရွေးထိုင်ကြလေသည်။ဆောင်းတွင်းလေကအေးစိမ့်စိမ့်တိုက်ခတ်နေရာ ‌အိပ်ချင်စိတ်ပါပြေသွားသလိုပင်။စာမေးပွဲနီး၍ကျောင်းတွင်းကျောင်းသားကျောင်းသူများအလွန်နည်းသွားသည်။ကျုရှင်တက်သူများကတက် အိမ်တွင်စာလုပ်သည့်သူများကလုပ်နှင့် တေးတို့အခန်းတွင်လည်းလူနည်းလှသည်။သင်ရမည့်သင်ခန်းစာမကုန်သေးသည့်အချို့ဘာသာရပ်များသာကျန်နေ‌၍အတန်းတက်နေရသည်။တေးစိတ်ကူးမှာအိမ်မှာနေ၍ အေးအေးလူလူစာကျက်ချင်သည်။

The sign of heart(Completed)Where stories live. Discover now