Episode - 11(Unicode)

5.5K 460 50
                                    

         သိမ်မွေ့တို့တစ်စု၏အရပ်ကူပါလူဝိုင်းပါအစီအစဉ်အား နေ့လည်ထမင်းစားချိန်ပြီးနောက်စကြလေသည်။မြတ်နိုးပေးသည့်အကြံမှာ ဒေါ်ကြာညိုနှင့်ဒေါ်ရည်မွန်မှာအရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ကြ၍ ဆရာမချင်းပြောလျှင်ပို၍သင့်တော်မည်ဟုထင်သည်။သို့ဖြစ်၍ နေ့လည်ထမင်းစားတက်ချိန် ဒေါ်ရည်မွန်စာသင်ချိန်၀င်ပြီးနောက် စာသင်ချိန်စေ့၍ပြန်အထွက်တွင် သိမ်မွေ့သုံးယောက်သားအခန်းပြင်ကိုအမှီလိုက်ပြီး ဒေါ်ရည်မွန်ကိုအဆောင်နောက်ကျောလူကွယ်ရာကိုခေါ်သွားကြလေသည်။ဒေါ်ရည်မွန်ကတပည့်မများ၏ထူးဆန်းလှသည့်အပြုအမူတို့ကြောင့် နားလည်ရခက်နေဟန်ဖြင့် -

"သမီးတို့ဘာဖြစ်တာလဲ တီချယ့်ကိုဒီခေါ်လာတာ"
(ဒေါ်ရည်မွန်)

"ပြောရရင်တေးကိစ္စပါတီချယ်ရည်မွန်"
(နေနေ)

"ဟောတော် တေးဘာဖြစ်လို့လဲနေနေ"
(ဒေါ်ရည်မွန်စိုးရိမ်ဟန်ဖြင့်မေးလိုက်သည်)

       နေနေသက်ပြင်းရှည်ရှည်တစ်ချက်ချကာ တေးနှင့်ဒေါ်ကြာညိုဆင်၀င်တွင် စကားများကြရင်း ဒေါ်ကြာညိုမှလက်ပါသည်အထိဖြစ်ကုန်ကြောင်း၊အောက်ထပ်တွင် Second yearတစ်ခန်းသာရှိပြီး ရှိသည့်လူမှာလည်းမိမိတို့နှင့်အခြားလေးငါးယောက်သာရှိနေကြောင်း၊ကျန်အခန်းများမှာလူမရှိ၍သာလူသိပ်မသိသွား၍ တော်သေးကြောင်းနေနေက ဖြစ်ကြောင်းကုန်စင်ကိုပြောပြနေသည်။ဒေါ်ရည်မွန်ကလည်း သူ့သူငယ်ချင်းနှင့်တပည့်မအကြောင်းနားထောင်ရင်း ရင်လေးဟန်ဖြင့် -

"အေး သမီးတို့ရေပြောပြတာကျေးဇူးတင်တယ်"
(ဒေါ်ရည်မွန်)

"ကြာညိုကစိတ်မြန်စိတ်ကြီးသလိုတေးကလည်းစိတ်ဆတ်တော့ ဒီလိုအခြေအနေထိဖြစ်ကုန်တာပေါ့"
(ဒေါ်ရည်မွန်ခေါင်းကိုဖြေးညင်းစွာခါရမ်းလိုက်ပြီး)

"သမီးတို့လည်းတီချယ်ဒေါ်ကြာညိုကိုကြောက်တော့ သွားတောင်းပန်လို့မရဘူးတီချယ်ရယ်"
(သိမ်မွေ့)

"တေးကလည်းမာနကခပ်ကြီးကြီးပြောရမယ်မထင်လို့ တီချယ့်ကိုပြောပြတာ"
(သိမ်မွေ့)

"တီချယ် ကြာညိုကိုသေချာဖြောင်းဖြပါ့မယ်သမီးတို့ရယ် သူကစိတ်မြန်တာရယ် စိတ်ကြီးတာရယ်ကလွဲလို့ ကျန်တဲ့မကောင်းတဲ့စိတ်မရှိပါဘူး"
(ဒေါ်ရည်မွန်)

The sign of heart(Completed)Where stories live. Discover now