Episode - 17(Unicode)

5.4K 440 20
                                    

          မနက်စောစောစီးစီး တေးတစ်ယောက်အိပ်ရာပေါ်တွင် ဖုန်းမှ Alarmသံကြောင့်နိုးလာသည်။မြည်နေသောဖုန်း Alarmကိုမျက်လုံးမဖွင့်ပဲစိတ်မှန်းဖြင့်ရမ်းသမ်းပိတ်လိုက်ရင်း ဆက်အိပ်နေလိုက်သည်။စနေနေ့ဖြစ်၍ အချိန်နောက်ကျမှသာထမည်ဟုစိတ်ဒုံးဒုံးချထား၍ဖြစ်သည်။သို့သော် တေးမအိပ်ရပါ။ဖုန်း Ringtoneကထမြည်လာပြန်ပါသည်။တေးအိပ်ချင်မူးတူးနှင့်ပြူးပြဲကြည့်လိုက်ရာတွင် သူမနံပါတ်ဖြစ်နေ၍ အိပ်နေရာမှ ငေါက်ကနဲထထိုင်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ထို့နောက်ဖုန်းဖြေရာ -

"ဟယ်လိုတီချယ်"

"အေး တေးလိပ်ပြာ ဒီနေ့ကထိန်ပစ္စည်းသွား၀ယ်ရမှာ မင်းသတိမေ့နေမှာစိုးလို့"

"ဘယ်ချိန်လဲတီချယ်"

"ထမင်းစားသောက်ပြီးဆယ်နာရီလောက်တို့ကိုကားနဲ့လာခေါ်"

"ဟုတ်ကဲ့တီချယ်"

         သူမဖုန်းချသွားပြီးနောက် စောစောစီးစီးချစ်ရသူအသံကြားရ၍ ပါးစပ်မှာနားရွက်တက်ချိတ်နေသည့်တေးသည် အိပ်ရာတန်းထကာ ပြင်နေဆင်‌နေတော့သည်။တစ်အိမ်လုံးမှလူများကိုလည်းပြုံးပြ‌နှုတ်ဆက်လိုက်နှင့် တေးမနက်ခင်းမှာသာယာလှသည်။အတန်းတွင်းစုကောက်ထားသောကထိန်ကြေးများကို ကျောပိုးအိတ်ထဲသေချာထည့်ကာ သူမဆီသွားရန်အခန်းထဲတွင်ပြင်ဆင်နေလေသည်။အိတ်ထဲသို့ပစ္စည်းထည့်နေတုန်း အိမ်အကူဒေါ်နုမှ အခန်းထဲ၀င်လာပြီး -

"တေး သမီး"

"သမီးအဖိုးနဲ့အဖွားက အောက်ခဏဆင်းခဲ့ဦးတဲ့"

"ဪ ဟုတ် လာပြီဒေါ်နု"

         တေးအပေါ်ထပ်မှအောက်ထပ်သို့ဒေါ်နုနှင့်လိုက်သွားရာတွင် အောက်ထပ်သို့ရောက်လျှင် သူမမိခင် ဒေါ်ပပ၀င်းကိုအရင်မြင်လိုက်သည်။ထို့နောက် မျက်နှာချင်းဆိုင်က ဆိုဖာထိုင်ခုံတွင်ထိုင်နေသော အမျိုးသမီးတစ်ဦးနှင့်မိမိနှင့်သက်တူရွယ်တူခန့်ဟုထင်ရသောလူငယ်တစ်ဦးကိုတွေ့ရလေသည်။ထို့နောက်အဖိုးအဖွားနှင့်အဖေဖြစ်သူထိုင်နေသည်ကိုတွေ့ရသည်။တေးစိတ်ထဲမသိုးမသန့်ဖြစ်သော်လည်း ထိုသူတို့အနားကို လျှောက်သွားသည်။အဖွားက တေးကိုမြင်လျှင် -

The sign of heart(Completed)Where stories live. Discover now