တေးသူမနှင့်တွေ့ဆုံပြီးနောက်တွင် ကျန်ခဲ့သောသိမ်မွေ့တို့အဖွဲ့အား သတ္တဗေဒဆောင်သို့သွားစောင့်လေသည်။တေးစောင့်ပြီးခဏအကြာတွင် သိမ်မွေ့နှင့်နေနေထွက်လာသည်။တေးကမြတ်နိုးကိုမမြင်၍ -
"နေနေ မြတ်နိုးရော ကျန်ခဲ့တာလားအခန်းထဲ"
(တေး)"အမယ်လေးကျန်ပါလိမ့်မယ် သူကနင်ထွက်သွားပြီး ငါးမိနစ်လောက်နေတော့ထွက်သွားတာပဲ သူ့ဘဲနဲ့နှစ်လကြီးခွဲရမှာဆိုတော့အလွမ်းသည်မလို့တဲ့လေ"
(နေနေ)"မနက်ကတည်းကငါ့ပြောသွားတယ်ဘဲချစ်ခင်မကြီးက အပြန်သူ့စောင့်ဦးပြောတယ်"
(နေနေ)"နေဦးငါဖုန်းဆက်လိုက်မယ် မဟုတ်လည်းနင့်ကားနဲ့ပဲငါတို့သုံးယောက်အိမ်တွေကိုလိုက်ပို့မှာလေ ဆိုင်ထိုင်ပြီးရင် နင့်အိမ်မှာငါတို့အ၀တ်ထုပ်တွေယူရဦးမှာ"
(သိမ်မွေ့)"အေးအေး ဆက်လိုက် ငါတို့မဆက်ရင်သူ့ကြည်နူးတော်မူခန်းကအဆုံးသတ်နိုင်မှာမဟုတ်ဘူး"
(တေး)သိမ်မွေ့ကမြတ်နိုးဆီဖုန်းဆက်ပြီး သတ္တဗေဒဆောင်သို့လာရန်ခေါ်လိုက်လေသည်။ဖုန်းဆက်ပြီးတစ်အောင့်ကြာလျှင် မြတ်နိုးမှာသူ့ချစ်သူမောင်းလာသည့်ကားပေါ်မှဆင်းလာကာ တေးတို့ကားပေါ်ပြောင်းတက်သည်။ လေးယောက်သားပနှစ်၀က်စာမေးပွဲအပြီး ဆိုင်တစ်ဆိုင်သို့ပင်ပန်းမှုများဖြေဖျောက်ရန်သွားကြလေသည်။ မြစ်ကမ်းနားမှ restaurantတစ်ခုရောက်သွားပြီး နေ့လည်ခင်းအချိန်ရောက်သွား၍နေ့လည်စာစားကြသည်။စားသောက်ပြီးနောက် အအေးတစ်ခွက်စီမှာပြီး လေပေါရန်အချိန်ကျလာသောအခါ -
"ဘယ်လိုလဲ နင်တို့နောက်ဆုံးဘာသာအိုကေရဲ့လား"
(နေနေ)"မျက်စိမှိတ်ဖြေတောင်အောင်တဲ့ဘာသာပါဟယ်"
(မြတ်နိုး)"လေတွေချည်းပဲ မနေ့ညကအာပြဲကြီးနဲ့အော်ကျက်ပြီး တစ်ညလုံးမအိပ်တာငါမသိဘူးများမှတ်နေလား"
(နေနေ)"မေ့မှာစိုးလို့လေ ငါကစိုးရိမ်တတ်တယ်"
(မြတ်နိုး)"ဟဲ့ သိမ်မွေ့နင်ရောအိုကေစိုပြေရဲ့လား"
(မြတ်နိုး)